DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့် သေဆုံးနိုင်
DVB
·
April 13, 2026
Photo: REUTERS/Sodiq AdelakunREUTERS/Sodiq Adelakun
Photo: REUTERS/Sodiq AdelakunREUTERS/Sodiq Adelakun
Donate to DVB

နိုင်ဂျီးရီးယားစစ်တပ်ဂျက်လေယာဉ်တွေက ဧပြီ ၁၁ ရက် ညမှာ  နိုင်ငံအရှေ့မြောက်ပိုင်းက အစ္စလာမ္မစ်စစ်သွေးကြွတွေကို လိုက်ရှာရင်  ရွာဈေးတခုကို တိုက်ခိုက်မိခဲ့လို့ လူ ၂၀၀ ထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသဆိုင်ရာ ကောင်စီဝင်နဲ့ ဒေသခံတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ စွပ်စွဲချက်နဲ့ပတ်သက်တဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်တခုအတွက် အဲဒီနေရာကို ချက်ချင်းသွားဖို့ အရပ်ဘက်ထိခိုက်မှုနဲ့ စုံစမ်းစစ်ဆေးရေးဆဲလ်ကို စတင်လိုက်ပြီလို့ နိုင်ဂျီးရီးယားလေတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

အစောပိုင်းမှာ လေတပ်က ဘော်နိုပြည်နယ် ဂျီလီဝင်ရိုးမှာ ဘိုကိုဟာရမ်စစ်သွေးကြွတွေကို သတ်ဖြတ်ခဲ့တယ်လို့ ပြောခဲ့တာပါ။

အိမ်နီးချင်းယိုဘီပြည်နယ်အစိုးရက နောက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပြီး ဈေးဝယ်သူတွေနဲ့ စျေးသည်တွေ စုဝေးရာ ဈေးနားမှာ လေကြောင်းတိုက်ခိုက်မှုတခု ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

လူထောင်ပေါင်းများစွာကို သေဆုံးစေပြီး သန်းပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ရေရှည်သူပုန်ထမှုရဲ့ အဓိကနေရာဖြစ်တဲ့ ဘော်နိုပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိနေတဲ့ ယိုဘီပြည်နယ်က ရွာတရွာကို တိုက်ခိုက်မှု ထိမှန်ခဲ့တာပါ။

ဒဏ်ရာရသူတွေကို ယိုဘီနဲ့ ဘော်နိုပြည်နယ်တို့က ဆေးရုံတွေဆီ ပို့ဆောင်ပေးနေတယ်လို့ ယိုဘီပြည်နယ်၊ ဂိုင်ဒမ်ခရိုင်က ဖူချီမီရမ်ရပ်ကွက် ကောင်စီဝင်နဲ့ ရိုးရာအကြီးအကဲဖြစ်သူ လာဝမ် ဇန်နာနူရ်ဂိုင်ဒမ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တခြားဒေသခံ ၃ ယောက်နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီက အရာရှိတယောက်က တိုက်ခိုက်မှုနဲ့ ခန့်မှန်းခြေ သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပါတယ်။

ယိုဘီပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက ဂျီလီဈေးက ဖြစ်ရပ်ရဲ့ ကနဦးအစီရင်ခံစာတွေကို လက်ခံရရှိခဲ့ပြီး အရေးပေါ် တုံ့ပြန်မှု ကို စတင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013