DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် စက်ရုံအလုပ်ရုံအပါအဝင် လုပ်ငန်း ၁၁၀၀ ကျော် ပြန်ဖွင့်ခွင့်ပြု
DVB
·
May 23, 2020
မကွေးတိုင်းတွင် စက်ရုံအလုပ်ရုံအပါအဝင် လုပ်ငန်း ၁၁၀၀ ကျော် ပြန်ဖွင့်ခွင့်ပြု
Donate to DVB

မကွေးတိုင်းအတွင်းမှာ မေလ ၂၂ ရက်နေ့ထိ စက်ရုံ အလုပ်ရုံတွေ အပါအဝင် လုပ်ငန်းပေါင်း ၁၁၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ်ခွင်ပြုထားတယ်လို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက ပြောပါတယ်။

မကွေးတိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက “တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်ရုံ၊အလုပ်ရုံ၊ ဟိုတယ်၊ ကုန်တိုက်တွေ အပါဝင် လုပ်ငန်းပေါင်း ၁၁၀၀ ကျော်ကို ခရိုင်၊ မြို့နယ်အလိုက် အဖွဲ့ဖွဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာတွေ ပူပေါင်းပြီး ပထမအဆင့် ခရိုင်အလိုက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးပြီးလုပ်ငန်းတွေ များပြားတဲ့အတွက် နောက်ပိုင်းမှာ မြို့နယ်လိုက် အဖွဲ့ဖွဲ့ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ သတ်မှတ်ချက်နဲ့ကိုက်ညီမှု ရှိတဲ့အတွက် ပြန်လည် လည်ပတ်ခွင့် ပြုလိုက်တာပါ” လို DVB ကို ပြောပါတယ်။

အခုလို့ ပြန်လည်လုပ်ကိုင်ခွင့်ရရှိတဲ့အတွက် အဲဒီလုပ်ငန်းတွေကို မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀၀၀ လောက် အလုပ်ကိုင် အခွင့်အလမ်းတွေ ပြန်လည်ရရှိပြီလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ စက်မှုမှတ်ပုံတင်ထားတဲ့ စက်ရုံ အလုပ်ရုံ ၄၀၀၀ လောက် ရှိနေပြီး COVID-19 ကာလမှာ တိုင်းအစိုးရရဲ့ ပန်ကြားချက်နဲ့ ယာယီရပ်နားထားတာပါ။

မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013