DVB Logo
Home
နိုင်ငံတကာ
ထိုင်းရေဘေးကြောင့် စက်ရုံအလုပ်ရုံများ ဘတ်သန်းပေါင်း ၁,၈၀၀ ကျော် ထိခိုက်ဆုံးရှုံး 
DVB
·
October 7, 2026
Photo: TNN News 
Photo: TNN News 
Donate to DVB

ထိုင်းနိုင်ငံမှာ ခုတပတ်တွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးတဲ့နောက် ပျက်စီးဆုံးရှုံးမှုတွေထဲ စက်ရုံ အလုပ်ရုံတွေလည်း ပါဝင်ပြီး ဘတ်သန်းပေါင်း ၁,၈၀၀ ကျော် ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့  ထိုင်းသ တင်းတွေမှာ ဖော်ပြပါတယ်။ 

ရေကြီးရေလျှံမှုကြောင့် စက်မှုလက်မှုလုပ်ငန်းတွေ ထိခိုက်ပျက်စီးရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစက်မှု ဝန်ကြီးဌာန ဝန်ကြီး နိုင်းဝရာဝုဒ် ဆီလပါအားချားက အောက်တိုဘာ ၆ ရက် အစိုးရဝန်ကြီးများရုံးရှေ့  ထုတ်ပြန်ပြောဆိုခဲ့တာပါ။  

ထိုင်းနိုင်ငံ စက်မှုဇုန်များဆိုင်ရာ အာဏာပိုင်အဖွဲ့ (IEAT) ရဲ့ အောက်တိုဘာ ၅ ရက်ထိ ကောက်ခံ ရရှိတဲ့ စာရင်းတွေအရ စက်မှုကဏ္ဍအနေနဲ့ တနိုင်ငံလုံးရှိ ၅၅ ခရိုင်က စက်မှုလက်မှုစီးပွားရေးလုပ် ငန်းပေါင်း ၄,၅၂၃ ခု ထိခိုက်ပျက်စီးခဲ့တယ်၊ အဲဒီထဲက အထွေထွေ စက်ရုံအလုပ်ရုံက ၃၁၆ ရုံ၊ အသေးစား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်း  SME က ၄,၁၁၃ ရုံ၊  တနိုင်တပိုင် လူထုစီးပွားရေး လုပ်ငန်းတွေက  ၉၄ ရုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

စက်မှုဇုန်တွေမှာ ထိခိုက်ပျက်စီးတဲ့ စက်ရုံပေါင်း ၁၈၀ မှ ၁၉၀ ထိရှိပြီး ဆုံးရှုံးမှုတန်ဖိုး ဘတ် ၁, ၇၀၀ မှ ၁,၈၀၀ ထိ ရှိမယ်လို့ ခန့်မှန်းပြီး  စက်ရုံ နဲ့ အလုပ်ရုံ အားလုံးပေါင်းရင်တော့ ပဏာမ တွက်ချက်မှု အရ ဘတ် ၂, ၁၃၇ သန်းကျော်ရှိမယ်၊ ရေမကျသေးလို့ အချက်အလက်သွားမကောက်နိုင် သေးတဲ့ ဒေသတွေလည်း ကျန်ရှိနေသေးတယ် လို့ ဆိုပါတယ်။ 

စက်မှုဇုန်တွေမှာ  ကြုံခဲ့ရတဲ့  ရေဘေးအန္တရာယ်ကြောင့် သက်ရောက်မှုတွေကို  အနီးကပ်စောင့် ကြည့်စစ်ဆေးဖို့  စက်မှုဝန်ကြီးဌာန အရေးပေါ် စီမံခန့်ခွဲရေးစင်တာ (Crisis Management Center : CMC) ကို  ညွှန်ကြားခဲ့တယ်။ အမှန်တကယ် ဒုက္ခရောက်နေတဲ့ လုပ်ငန်းရှင်တွေကို အကူအညီ လျင်မြန်တိကျစွာရောက်ရှိဖို့ အချက်အလက် ဒေတာဘေ့စ်စနစ် တိကျမှန်ကန်စွာ ကောက်ယူဖို့၊ အ ချက်အလက်တွေ မထပ်စေဖို့ မှာကြားထားတယ်လို့  စက်မှုဝန်ကြီးက‌ ပြောပါတယ်။ 

လုပ်ငန်းရှင်တွေကို ကူညီရာမှာ စက်ရုံ နဲ့ စက်ပစ္စည်း ၁၀၀ ရာခိုင်နှုန်း လုံးဝပျက်စီးသွားတဲ့ စက်ရုံကို အထူးဦးစားပေးကူညီဖို့ဖြစ်တယ်။ ကူညီမှုမှာ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီတာ၊ နည်းပညာဆိုင်ရာနဲ့ ကျွမ်းကျင်စက်ပြင်ဆရာတွေ စေလွှတ်တာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဓာတု ပစ္စည်းယိုစိမ့်မှု စောင့်ကြည့်ရေး စတာတွေပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရေထဲနစ်မြုပ်ခဲ့တဲ့ မော်တော်ယာဉ်တွေ ပြန်လည်ပြင်ဆင်ရေးမှာ လက်ခတွေ လျှော့ပေးရေး၊ ယာဉ်အပိုပစ္စည်းတွေကိုလည်း အထူးလျှော့ဈေးနဲ့ ရောင်းချပေးဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ စက်မှုဝန်ကြီးက ပြောပါတယ်။ 

Source - Thai News / TNN News 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013