DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်
DVB
·
May 23, 2020
မန္တလေးမြို့တွင် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်
1 / 7
Donate to DVB

မန္တလေးမြို့မှာ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေ ဆိုင်ထိုင်စားသောက်တာတွေ ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်ထားဖို့ မန္တလေး မြို့တော်၀န် ဦးရဲလွင်က ပြောကြားလိုက်ပါတယ်။ 

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မေ ၂၀  ရက်နေ့ ညနေပိုင်းက ဖော်ပြထားပြီးနောက် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်အချို့မှာ ဆိုင်ထိုင်စားသောက်ဖို့ ပြင်ဆင်တာတွေကို မေ ၂၁ ရက်နေ့က စတင်လုပ်ဆောင်နေပါတယ်။



မန္တလေးမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ ဆိုင်ထိုင် စားသုံးသူတွေအတွက် ဆိုင်အ၀င်၀မှာ လက်ဆေးဖို့နေရာနဲ့ အပူချိန်တိုင်းတာ ပြုလုပ်ပေးတာ၊ တယောက်ချင်းစီ စားသောက်နိုင်ဖို့ တဦးနဲ့တဦးကြား မှန် (ဒါမှမဟုတ်) ကတ်ထူပြား ကန့်ထားပေးတာ၊ COVID-19 ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေး ဗွီနိုင်းပိုစတာတွေကို  လူအများမြင်သာတဲ့ နေရာမှာ ချိတ်ဆွဲထားတာ စတာတွေကို ပြုလုပ်ထားပေးရမှာပါ။

ပြုလုပ်ခြင်းမရှိဘဲ ဖွင့်လှစ်ပါက ပထမအကြိမ် သတိပေး လက်မှတ်ရေးထိုးတာ၊ ဒုတိယအကြိမ် ဒဏ်ငွေတပ်ရိုက်တာနဲ့ တတိယအကြိမ် ဆိုင်အကန့်အသတ် တခုထိ ပိတ်သိမ်းတာနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေနဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဥပဒေတို့အရ အရေးယူသွားမယ်လို့ မန္တလေးစည်ပင်က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက် စာရင်းအရ မန္တလေးမြို့မှာ စားသောက်ဆိုင်ပေါင်း ၁၇၉၈ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၁၂၁၁ ဆိုင်နဲ့ အအေးဆိုင် ၄၀၉ ဆိုင်ရှိတယ်လို့ သိရပါတယ်။



Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013