DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် Mask မတပ်ဘဲသွားသူများကို ဖမ်းဆီး တရားစွဲဆိုမှု စတင်
DVB
·
May 22, 2020
မုံရွာတွင် Mask မတပ်ဘဲသွားသူများကို ဖမ်းဆီး တရားစွဲဆိုမှု စတင်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြိုမှာ Mask မတပ်ဘဲ သွားလာသူတွေကို ဖမ်းဆီးပြီး တရားစွဲဆိုတာတွေ ဒီနေ့ စတင်လုပ်ဆောင်နေပါတယ်။

နေအိမ်ကနေ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အပြင်ထွက်သွားလာတဲ့အခါ ပါးစပ်၊ နှာခေါင်းစည်းတပ်ပြီး သွားလာကြဖို့နှင့် မလိုက်နာရင် ဥပဒေအရ အရေးယူမယ့်အကြောင်းကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ မေ ၁၅ ရက်နေ့ကတည်းက အမိန့်စာ ထုတ်ပြန်ထားပါတယ်။ 

ဒီအမိန့်စာအရ မေလ ၂၀၊ ၂၁ ရက်နေ့တွေကို ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး မေလ ၂၂ ရက်နေ့ မနက်ပိုင်းကနေ စတင်ကာ မုံရွာအပါအဝင် မြို့နယ်တိုင်းမှာ အရေးယူတာတွေ စတင်လုပ်ဆောင်နေတာလို့ မုံရွာမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးအာကာမြင့်က ပြောပါတယ်။

"အစိုးရအဖွဲ့ကလည်း အခုလို လုပ်မယ်ဆိုတဲ့အကြောင်းကို ကြိုတင်ပြီးတော့ အမိန့်စာ ထုတ်ထားတယ်။ ဒါက အားလုံးရဲ့ ကျန်းမာရေးအရ လိုအပ်လို့ လုပ်ဆောင်တာဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ လိုက်နာဖို့ လိုအပ်တာပေါ့။ ကျန်းမာရေးအရ လိုအပ်လို့ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။"

မုံရွာမြို့မှာတော့ မနက်ပိုင်းတင် ပါးစပ်၊ နှာခေါင်းစည်းမတပ်လို့ အရေးယူခံရသူ ၅၀ ထက် မနည်း ရှိပါတယ်။ ဖမ်းဆီးခံရသူတွေကိုလည်း မြို့နယ်တရားရုံးကို မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တဦးက တရားစွဲဆိုပြီး ပို့ဆောင်ထားပါတယ်။ 

တရားရုံးကတော့ ဖမ်းဆီးခံရသူတွေကို ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၅ အရ ငွေဒဏ် ၃၀၀၀ ထောင်စီရိုက်ပြီး အရေးယူနေပါတယ်။ 

မုံရွာမြို့မှာတော့ ပါးစပ်/နှာခေါင်းစည်းတပ်ကြဖို့ ဌာနဆိုင်ရာတွေအပြင် အရပ်ဘက်အဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေက လိုက်လံအသိပေးတာတွေ ပြုလုပ်နေပါတယ်။ အများစုကတော့ မြို့ထဲထွက်လာရင် အရင်ကထက် ပါးစပ်၊ နှာခေါင်းစည်း အသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013