DVB Logo
Home
မြန်မာသတင်း
စင်ကာပူနှင့် ဗီယက်နမ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးကို ပြန်ခေါ်ယူ 
DVB
·
May 22, 2020
စင်ကာပူနှင့် ဗီယက်နမ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးကို ပြန်ခေါ်ယူ 
1 / 5
Donate to DVB

စင်ကာပူနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၄ ဦး  ဦးကို မေလ ၂၁ ရက်က  မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့တဲ့လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားတာကြောင့် စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံသား ၁၄၅ ဦးကို  ပဉ္စမအသုတ်အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ရန်ကုန်လေဆိပ်ကို မနေ့ ညနေက ပြန်လည်ရောက်ရှိ လာတယ်လို့ ဆိုပါတယ်။

အလားတူ ဗီယက်နမ်နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၉ ဦးကိုလည်း  မြန်မာပြည်ရောက် ဗီယက်နမ် နိုင်ငံသားတွေကို လာရောက်ခေါ်ဆောင်တဲ့ Vietjet ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲကြတယ်လို့ သိရပါတယ်။

ပြန်ရောက်လာသူတွေဟာ သတ်မှတ်နေရာတွေမှာ  ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ မနက်ပိုင်း အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၉၉ ဦး အထိရှိနေရာမှာ ဒီအထဲက ပြည်ပကနေ  ကူးစက်ခံရသူ စုစုပေါင်းဟာ ၄၃ ဦးရှိပါတယ်။ 

ယူအေအီးနိုင်ငံကနေ ပြန်လာကြသူ ၁၄၈ ယောက်ထဲမှာတော့ အတည်ပြုလူနာ ၈ ယောက်တွေ့ရှိထားတယ်လို့  ယူအေအီးပြန်မြန်မာတွေရဲ့ ပရဟိတအဖွဲ့ ခေါင်းဆောင်တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။ 

ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရရဲ့ စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်ခဲ့ရာမှာ မေလ ၂၁ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၂၀၃၇ ဦးရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013