DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် Quarantine ဝင်နေသည့် သတင်းထောက် ၂ ဦးအပါအဝင် ၅ ဦးတွင် COVID-19 ရောဂါပိုး မတွေ့
DVB
·
May 22, 2020
ပုသိမ်တွင် Quarantine ဝင်နေသည့် သတင်းထောက် ၂ ဦးအပါအဝင် ၅ ဦးတွင် COVID-19 ရောဂါပိုး မတွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ COVID-19 ရောဂါ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ နဲ့ ထိတွေ့ခဲ့တဲ့ သတင်းထောက် ၂ ဦးအပါအဝင် စေတနာ့ဝန်ထမ်း ၃ ဦးရဲ့ ဓာတ်ခွဲစစ်ဆေးချက် ရလဒ်အဖြေမှာ ရောဂါပိုးတွေ့ရှိဘူးလို့ သိရပါတယ်။

ပုသိမ်အခြေစိုက် DNA သတင်းဌာနက ကိုမျိုးစံစိုးက "မေ ၂၁ရက်ညက  အဖြေထွက်တော့ အသွားအလာကန့်သတ်ခံထားရတဲ့ ၅ ဦးလုံး ပိုးမတွေ့ဘူး အဖြေထွက်တယ်လို့ တာဝန်ရှိသူတွေက ပြောတယ်။ မနက်ဖြန်တော့ မနက်ပိုင်းပြန်ရမယ် ပြောတယ်"လို့ ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၂၁ ရက်  ည ၈ နာရီအချိန် သတင်းထုတ် ပြန်ချက်မှာ ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ လူနာ အသစ်မရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၁ ရက်က မလေးရှားနိုင်ငံကနေ ပြန်လာတဲ့သူ ၁၈ ဦးကို ပုသိမ်တက္ကသိုလ် အတွင်းက Quarantine မဝင်ခင် သတင်းသွားရောက်ယူခဲ့တဲ့ သတင်းထောက် ၂ ဦးနဲ့ ပုသိမ် စေတနာ့ဝန်ထမ်း ၃ ဦးဟာ မလေးရှာနိုင်ငံက ပြန်လာတဲ့သူတွေထဲက လူနာအမှတ် ၁၉၁ မှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ထိတွေ့မှုမရှိသော်လည်း စိတ်ချရအောင် ၅ ဦးလုံးကို Quarantine ထားပြီး ဆေးစစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "ရောဂါပိုးတွေ့ရှိခဲ့တဲ့သူက ကျန်းမာရေးကောင်းပါတယ်။ ချောင်းဆိုးတာ၊ ဖျားနာတာ၊ ကိုက်ခဲတာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ စိတ်ချရအောင်လို့ သူနဲ့ ပတ်သက်ခဲ့သူတွေကို စစ်ဆေးခဲ့တာပါ "လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ လူနာအမှတ် ၁၉၁ မှာ ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ ကုသဆောင်မှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကာ COVID-19 ရောဂါလက္ခဏာ ပြသတာ မရှိသေးဘူးလို့ ပုသိမ်ပြည်သူ့ဆေးရုံမှတာဝန်ရှိသူက ပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013