DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၆၀၀ ကျော် စစ်ဆေးချက်အရ ရောဂါပိုးမတွေ့၊ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၁၀၈ ဦးရှိ
DVB
·
May 22, 2020
ဓာတ်ခွဲနမူနာ ၆၀၀ ကျော် စစ်ဆေးချက်အရ ရောဂါပိုးမတွေ့၊ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၁၀၈ ဦးရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၆၀၀ ကျော်ကို စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရဘဲ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့ရသူ ၁၀၈ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က မေ ၂၁ ရက်နေ့အတွက် ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၂၇၉ ခုကို ဒီနေ့မနက်အစောပိုင်း  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၉၉ ဦး၊  သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁၀၈ ဦးမှာ (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။

မေ ၂၁ ရက် နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၃၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မေ ၂၁ ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေကို ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၆၀ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၄၆၇ ခု၊ စုစုပေါင်း ၆၂၇ ခုတို့ကို စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013