DVB Logo
Home
မြန်မာသတင်း
မွန်၊ ကရင်၊ တနင်္သာရီ အတွက် COVID-19 စစ်ဆေးပေးမည့်စက် ယခုလအတွင်းရောက်မည်
DVB
·
May 21, 2020
မွန်၊ ကရင်၊ တနင်္သာရီ အတွက် COVID-19 စစ်ဆေးပေးမည့်စက် ယခုလအတွင်းရောက်မည်
Donate to DVB

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသအတွင်းရှိ COVID- 19 စောင့်ကြည့်သံသယလူနာတွေကို ဓာတ်ခွဲစစ်ဆေးမယ့် စက်ဟာ ဒီလအတွင်း ရောက်လာမယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။ 

COVID-19 ရောဂါ စစ်ဆေးမယ့် စက်ကိုတော့ မော်လမြိုင် တီဘီရောဂါ တိုက်ဖျက်ရေးဌာနခွဲရှိ ဇီဝလုံခြုံရေးအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်းမှာ ထားရှိသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဓာတ်ခွဲစစ်ဆေးဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေကို အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန NHL မှာ သင်တန်းပေးနေပါတယ်။ 

ဒါပေမယ့် ဓာတ်ခွဲစစ်ဆေးရာမှာတော့  ဝန်ထမ်းလိုအပ်ချက် ရှိနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပြန်လည် တင်ပြထားတယ်လို့ ဒေါက် တာထွန်းအောင်ကြည်က ပြောပါတယ်။

COVID- 19 ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့ဆိုရင် အနည်းဆုံး ကျွမ်းကျင်ပညာရှင် အပါအဝင် ဝန်ထမ်း ၁၅ ဦးလောက် လိုအပ်နေတာပါ။ 

သတင်း-ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013