DVB Logo
Home
မြန်မာသတင်း
သံတောင်ကြီးတွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ကျေးရွာများကို စစ်ကြောင်းထိုး
အောင်ခန့်
·
August 12, 2026
Photo: ဒေသခံ (ပုံဟောင်း)
Photo: ဒေသခံ (ပုံဟောင်း)
Donate to DVB

သံတောင်ကြီးမြို့နယ် သံတောင် -သံတောင်ကြီးသွား ကားလမ်းမကြီးပေါ် စစ်အာဏာရှင် တပ်ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်  ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နယ်မြေရှင်းလင်းနေတာကြောင့် ကျေးရွာ ၃ ရွာက ‌ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သံတောင်-သံတောင်ကြီးသွား ကားလမ်းမကြီးပေါ်က ၁၃ မိုင်အဝင်မှာ ဩဂုတ် ၉ ရက်က စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ 

ဒါကြောင့် ကားလမ်းမကြီးဘေးက ငွေတောင်ကလေးရွာ၊ နံသာကုန်းရွာ၊ ကျောက်တိုင်ရွာတို့ကို စစ်တပ်စစ်ကြောင်းတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေရှင်းလင်းနေတာပါ။ 

လက်ရှိမှာ ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀ ကျော်ဟာ တောင်ငူမြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘာသာရေးကျောင်းတွေ၊ နီးစပ်ရာဆွေမျိုးတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံတယောက်က “အခုလောလောဆယ်က ငွေတောင်ကလေးတို့ ကျောက်တိုင်တို့ အခုကရှောင်နေကြပြီ။ သူတို့(စစ်တပ်)က စစ်ကြောင်းထိုးတယ်လေ။ ဝင်ထိုးနေတဲ့အခါကျတော့ ပြောင်းနေကြတယ်။ အခုက တိုက်ပွဲဖြစ်မှာစိုးလို့။ ရွာသားတွေ ကြောက်ပြီးတော့ ရှောင်ကြတာပေါ့။ အခုလောလောဆယ်ကတော့ ငွေတောင်ကလေးရွာရော ကျောက်တိုင်ကတစု၊ နှစ်စု အဲလောက်ပဲရှောင်တယ်။ ငွေတောင်ကလေးကျတော့ အကုန်ရှောင်တဲ့ သဘောဖြစ်နေတယ်။ လူဦးရေက ဘယ်လောက်ရှိလဲဆိုတော့ ရွာက ရွာကြီးတယ်။ လောလာဆယ် ဒီ ၂ ရွာက ရှောင်ထားတာပေါ့။ အဲဒီနေရာတွေက ကလေး(တော်လှန်ရေးတပ်ဖွဲ့)တွေ ထိန်းထားတဲ့နေရာတွေ။ သူတို့ဝင်ဖို့ရှိတယ်။ ရွာသားတွေက သူတို့ဘက်(စစ်ကြောင်း)ထိုးတဲ့အခါကျတော့ ရွာသားတွေက ကြောက်ပြီးတော့ ထွက်ပြေးရတာပေါ့” လို့ ပြောပါတယ်။

ဩဂုတ် ၇ ရက်နေ့က သံတောင် -သံတောင်ကြီးသွား ကားလမ်းမကြီးပေါ်က ၅ မိုင် ၆ မိုင်ကားမှာ စစ်ရိက္ခာတင်ယာဉ်တန်း မိုင်းဆွဲခံရပြီး အထိနာခဲ့တာကြောင့် ဩဂုတ် ၈ ရက်နေ့မှာ သံတောင်ကြီးမြို့နယ် ရွာကြီးကျေးရွာက ကျေးရွာသားပိုင် စက်လှေ ၁၅ စင်းနီးပါးကို ဖျက်ဆီးခဲ့ပါတယ်။

ရပ်မိရပ်ဖတယောက်က “ဒေသခံတွေက ဘာလို့ကြောက်လဲဆိုရင် ၂ ဖက် ထိပ်တိုက် ပစ်ခတ်တဲ့အချိန်မှာက ဒီဒေသခံတွေက များသောအားဖြင့်က ထိခိုက်နစ်နာမှုတွေ ဘာတွေရှိတော့ ရွှေ့ပြောင်းရတာဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုပစ်ခတ်တဲ့အချိန်မှာ (သံတောင်ကြီး) တပ်မြို့က လက်နက်ကြီးတွေ လှမ်းလှမ်းထုတော့ မထင်ရင်မထင်သလို ရွာထဲကျတာတို့ ရွာဘေး ပတ်ဝန်းကျင်မှာကျတာတို့ ဖြစ်တော့ လူတွေက အထိန့်တလန့်ဖြစ်ရတာပေါ့။ ရွှေ့ပြောင်းရတော့ ကိုယ့်အိုးကိုယ့်အိမ် ဖျက်ဆီးမှာကို ပြန်ပြီးတော့ ကြောက်ရတာတွေရှိတယ်။ နောက်ပြီးတော့ ရွှေ့ပြောင်းခြင်းအားဖြင့် နောက်ပိုင်းမှာ အိမ်မီးရှို့ခံရတာတွေလည်း ရှိသလို အိမ်ဖောက်ထွင်းခံရတာတွေလည်း ရှိတယ်။ အထူးသဖြင့်က စစ်တပ်ဘက်က ယူတာရှိသလို ဒေသခံအချင်းချင်း ခိုးဝှက်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတွင်းက စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ EAO တွေ၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့  နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

တဘက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအပါအဝင် တနိုင်ငံလုံးအနှံ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Photo: ဒေသခံ (ပုံဟောင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013