DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် လမ်းလုပ်သားများတင်လာသည့်ကားမှောက်ပြီး  ၃ ဦးသေ၊  ၉ ဦးဒဏ်ရာရ
DVB
·
May 21, 2020
ဒီးမော့ဆိုတွင် လမ်းလုပ်သားများတင်လာသည့်ကားမှောက်ပြီး  ၃ ဦးသေ၊  ၉ ဦးဒဏ်ရာရ
Donate to DVB

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာအနီးမှာ မနေ့ညနေ ၆ နာရီကျော်လောက်က  လမ်းလုပ်သားတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး လူ  ၃ ဦး သေဆုံးကာ ၉ ဦးဒဏ်ရာရှိခဲ့ပါတယ်။

ဒေါဖုကျေးရွာမှာ ကတ္တရာထပ်ပိုးလွှာခင်း လုပ်ငန်းဆောင်ရွက်နေတဲ့ ဟေမန်လင်းကုမ္ပဏီက ယာဉ်မောင်း လှိုင်မင်းသူ (ခ) ချစ်ကူး မောင်းနှင်တဲ့ YGN 2B/1305 CANTER အပြာရောင်ယာဉ်နဲ့ သောက်သုံးရေသယ်ယူဖို့ လမ်းလုပ်သား (၁၁)ဦးနဲ့အတူ ဒေါကလော်ဒူကျေးရွာအုပ်စု၊ တနီးလာလဲရွာ ကန်ခုနှစ်ဆင့်မှာ ရေချိုးပြီး အပြန် တိမ်းမှောက်ခဲ့တာပါ။

ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် လူ ၁၃ ဦးနဲ့ သောက်သုံးရေ ဂါလံ ၈၀၀ သယ်ဆောင်ပြီး အပြန်လမ်း ဒေါလော်ခူကျေး ရွာအနီး ၁ မိုင်ခန့်အကွာရှိ တောင်ကုန်းအတက်မှာ ကားက နောက်ပြန်လှိမ့်ကျပြီး တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အသက်(၃၀) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၃)နှစ်ရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၁၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ကားအောက်ပိမိပြီး အခင်းဖြစ်ပွားရာနေရာမှာ  သေဆုံးသွားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကျန်တဲ့ ၉ ဦးကိုတော့ ဒီးမော့ဆိုဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဒီးမော့ဆိုရဲစခန်းကနေ သိရပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း လှိုင်မင်းသူ (ခ) ချစ်ကူးကို ယာဉ်မဆင်မခြင်မောင်းနှင်မှု  ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄(က) နဲ့  အမှုဖွင့်ထားပါတယ်။

ဓာတ်ပုံ- ငွေတောင်ပြည်နာရေးကူညီမှုအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013