DVB Logo
Home
မြန်မာသတင်း
KIA နှင့် UWSA အတွက် တပ်မတော်က ဆေးစ္စည်းများလှူဒါန်း၊ ‘ဝ’ဒေသသို့လာရောက်ရန် ကာချုပ်ကို  ဖိတ်ခေါ်   
DVB
·
May 21, 2020
KIA နှင့် UWSA အတွက် တပ်မတော်က ဆေးစ္စည်းများလှူဒါန်း၊ ‘ဝ’ဒေသသို့လာရောက်ရန် ကာချုပ်ကို  ဖိတ်ခေါ်   
1 / 6
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တို့အတွက်  တပ်မတော်က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်လှူဒါန်းလိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ KIO/KIA (အဖွဲ့)အတွက် တပ်မတော်က လှူဒါန်းတဲ့ ပစ္စည်းတွေကို  မေ ၂၀ ရက်က  တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးခေါင်းဆောင်တဲ့ တာဝန်ရှိသူတွေက လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့တာပါ။

KIO/KIA(အဖွဲ့) ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် အက်စ်ဂွန်မော်နဲ့  ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် တို့အပါအဝင်တာဝန်ရှိသူတွေက  ကြိုဆိုကြပြီး တပ်မတော်က အခုလို ကူညီပေးတဲ့အပေါ် ကျေးဇူးတင်ပါကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  လိုအပ်လာပါက အကူအညီတောင်းခံသွားမှာဖြစ်ကြောင်းနဲ့ ခုလိုဆောင်ရွက်တာကနေတဆင့် ငြိမ်းချမ်းရေးနဲ့ တိုးရင်းသားစည်းလုံးညီညွှတ်ရေးတို့ကို ပိုမိုဆောင်ရွက်သွားနိုင်မယ်လို့ ကေအိုင်အေဘက်က ပြောတယ်လို့  တပ်မတော်သတင်းမှာဖော်ပြပါတယ်။

လှူဒါန်းတဲ့ ပစ္စည်းတွေအထဲမှာ Surgical Mask ၂၀၀၀၀ ခု၊ N95 Mask ၁၀၀၀ ခု၊ Face Shield-၂၅၀ ခု၊ Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ စုံ၊ Surgical Gloves ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မေတ္တာလက်ဆောင်စားသောက်ဖွယ်ရာတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

အလားတူ  UWSA ထိမ်းချုပ်ထားတဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်လည်း တပ်မတော်က  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

မေ ၁၉ ရက်က  ပန်ဆန်းမြို့၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံးမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနဲ့ အဖွဲ့ဝင်များက သွားရောက်ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 လှူဒါန်းတဲ့ ပစ္စည်းတွေထဲမှာ Surgical Mask ၄၀၀၀၀ ခု၊N 95 Mask ၂၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Personal Protective Equipment PPE ဝတ်စုံ ၁၀၀၀ စုံ၊Hand Gel ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူးHand Sanitizer ၁၅၀ ဘူးတို့ပါဝင်တယ်လို့ သိရပါတယ်။

လှူဒါန်းတဲ့ ပစ္စည်းကို UWSA  ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံနဲ့ အဖွဲ့က  ကြိုဆိုလက်ခံခဲ့ကြပြီး UWSA  ဒု-ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းကလည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အားလပ်သင့်တော်တဲ့အချိန် (ဝ)ဒေသသို့ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013