DVB Logo
Home
မြန်မာသတင်း
တရားမဝင်ဘာသာရေးအသင်း ဖွဲ့စည်းမှုဖြင့် အမျိုးသမီး ၄ ဦးကို ‘၀’ တရားရေးဌာနက ပြစ်ဒဏ်ချ
DVB
·
November 5, 2026
Photo: WSP 
Photo: WSP 
Donate to DVB

 

ဒေသတွင်းနိုင်ငံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ကမောက်ကမဖြစ်စေတဲ့ စည်းရုံးလှုံ့ဆော်မှုနဲ့ တရားမဝင်ဘာသာရေးအသင်း ဖွဲ့စည်းမှုကြောင့် ‘၀’ ဒေသမှာ အမျိုးသမီး ၄ ယောက်ကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ‘၀’ ပြည်နယ် တရားစီရင်ရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။

UWSA ‘၀’ တပ်ထိန်းချုပ်ဒေသမှာ ဇူလိုင် ၃၀ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ သံသယရှိသူ ၄၂ ယောက် ဖမ်းဆီးစစ်ဆေးပြီး သူတို့ရဲ့  ဖုန်း ၃၈ လုံး၊ လက်ပ်တော့ကွန်ပြူတာ  ၁ လုံး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုအတွင်း အမှုနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ ၃၈ ယောက်ကို ပြန်လွှတ်ခဲ့ပြီး တရားခံ အမျိုးသမီး ၄ ယောက်ဖြစ်တဲ့ ဟွမ်ရှောက်ရှန်း၊ ယေ့ချင်း၊ ယေ့ရုန်းနဲ့ အိုမင်တို့ကို အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့ထဲက အဓိကတရားခံဖြစ်တဲ့ ဟွမ်ရှောက်ရှန်းကို တရားမဝင် ဘာသာရေးအသင်းဖွဲ့စည်းမှုနဲ့ ထောင်ဒဏ် ၇ နှစ်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကမောက်ကမ ဖြစ်စေတဲ့ စည်းရုံးလှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ပြီး အမျိုးသမီး ၃ ယောက်ကိုတော့ ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ ‘ဝ’ ပြည်နယ် တရားစီရင်ရေးဌာနက ဆိုပါတယ်။

UWSA ရဲ့ တရားရေးကော်မတီအနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားမဝင် အဖွဲအစည်းနဲ့ ‘၀’ ပြည်အစိုးရရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ပြစ်မှုတွေကိုတွေ့ရှိခဲ့ရင် အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

UWSA ‘၀’ တပ်ဟာ ဒေသအခေါ် ယေရှုတရုတ်မဂိုဏ်းဝင်တွေ ၀င်ရောက်လှုပ်ရှားလာတဲ့ အခြေအနေကြောင့် သြဂုတ်လ ဒုတိယပတ်က စတင်ပြီး နေရာ ၄ ခုက ခရစ်ယာန်ဘုရားကျောင်းတွေကို ယာယီပိတ်သိမ်းခဲ့ပြီး ၂ လအကြာမှာတော့ ပြန်ဖွင့်ပေးခဲ့တာလို့ ဆိုပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်လည် ဖွင့်ပေးလိုက်ပေမဲ့ တဖက်မှာလည်း ‘၀’ အစိုးရအာဏာပိုင်တွေဘက်က ချမှတ်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့အတူ ကတိဝန်ခံချက်တွေကိုလည်း လိုက်နာရတာမျိုးတွေရှိတယ်လို ဒေသခံတွေက ပြောပါတယ်။

ဒီဂိုဏ်းအဖွဲ့ ‘၀’ဒေသဘက် ၀င်ရောက်လာပြီ ဆိုတဲ့ တရုတ်ဘက်က သတင်းပေးချက်ကြောင့် UWSA ထိန်းချုပ်နယ်မြေ မြောက်ပိုင်း ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသ ဟွေအောရှိ ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို ယာယီပိတ်သိမ်းခဲ့တာပါ။

“ယေရှုတရုတ်မ”အဖွဲ့ဟာ တရုတ်နိုင်ငံဘက် အမျိုးသမီးတယောက်က သူ့ကိုယ်သူ ဘုရားသခင် ဒုတိယအကြိမ် ကြွလာတာ ဖြစ်ကြောင်း ကြေညာပြီး ဘာသာရေးဂိုဏ်းတခုအဖြစ် တည်ထောင်ထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ယေရှုတရုတ်မဂိုဏ်းကို တရားမဝင်ဘာသာရေးအဖွဲ့အစည်းအဖြစ် အသိပေး ကြေညာထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013