DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် Quarantine ဝင်နေသူ ၁၀ ဦး COVID -19 ရောဂါပိုးမတွေ့ရှိ
DVB
·
May 21, 2020
ဘူးသီးတောင်တွင် Quarantine ဝင်နေသူ ၁၀ ဦး COVID -19 ရောဂါပိုးမတွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ Quarantine ဝင်နေသူ ၁၀ ဦးကို  COVID -19 အရေးပေါ်ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ အားလုံး  Negative အဖြေတွေ့ရပြီး  ရောဂါပိုးမတွေ့ရှိဘူးလို့ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။

"အရေးပေါ်ဓာတ်ခွဲစစ်ဆေးသူတွေအားလုံး ပိုးမတွေ့ရပါ။ အားလုံး Negative ဖြစ်ပါတယ်။ မနေ့က ည ၇ နာရီမှာ ထုတ်ပြန်တဲ့ ဓာတ်ခွဲစစ်ဆေးချက် အဖြေကိုသိရတာပါ။ ဒီအထဲမှာ Hospital Quarantine ထားရှိသူ ၃ နဲ့ Facility Quarantine ၇ ဦး ပါဝင်ပါတယ်။"

Hospital Quarantine ထားရှိသူ ၃ ဦးမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ COVID- 19 ရောဂါပိုးတွေ့ရှိသူ လူနာနံပါတ် ၁၈၂ နဲ့အတူ  မလေးရှားနိုင်ငံမှ ပြန်လာတဲ့သူတွေဖြစ်ပြီး ဘူသီးတောင်မြို့က အမျိုးသား ၂ ဦးနဲ့ မောင်တောမြို့က အမျိုးသား ၁ ဦး တို့ ပါဝင်ပါတယ်။

ကျန် ၇ ဦးကတော့  ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ကြပြီး Facility Quarantine အဖြစ် အသွားအလာကန့်သတ်ထားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ အာခေါင်နဲ့ နှာခေါင်းတို့ပတ် ဓာတ်ခွဲနမူနာကို မေလ ၁၈ ရက်က အမျိုးသားဓာတ်ခွဲခန်းရန်ကုန်သို့ ပို့ဆောင်ထားခဲ့တာဖြစ်ပြီး မေလ ၂၀ ရက်ညမှာ ပိုးမတွေ့ရှိရကြောင်း အဖြေသိရှိခဲ့တာ ဖြစ်ပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013