DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် နှာခေါင်းစည်း Mask မတပ်သဖြင့် ဒဏ်တပ်အရေးယူခံရသူ ၅၀ကျော်ရှိ 
DVB
·
May 20, 2020
အင်းစိန်တွင် နှာခေါင်းစည်း Mask မတပ်သဖြင့် ဒဏ်တပ်အရေးယူခံရသူ ၅၀ကျော်ရှိ 
Donate to DVB

ရန်ကုန်မှာ မတ်လ ၁၃ ရက်ကစလို့ နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်တပ်အရေးယူနေရာမှာ COVID-19 ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ ဒီကနေ့အချိန်အထိ နှာခေါင်းစည်းမတပ်လို့ ဒဏ်တပ်အရေးယူခံရတဲ့သူ ၅၀ ကျော်ရှိပြီလို့ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

နှာခေါင်းစည်းတပ်ဖို့ အင်းစိန်မြို့နယ် လူစည်းကားရာနေရာတွေ၊ အဓိကလမ်းမကြီးတွေမှာ ပညာပေးတွေလုပ်ပြီး ပြည်သူတွေက လိုက်နာမှုတွေရှိပြီး ပူးပေါင်းပါဝင်ကြတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့လည်း နှိုးဆော်နေတာပါပဲ ။နှာခေါင်းစည်းတွေတပ်ခိုင်းတယ်။ အခုဆို ပြည်သူတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ကျနော်တို့လည်း အများကြီးအားရှိပါတယ်။”လို့ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

ဒဏ်တပ်အရေးမယူခင် အစောပိုင်းကာလတွေမှာ မြို့နယ်တချို့မှာ ပြည်သူတွေ အပြင်ထွက်တဲ့အချိန် နှာခေါင်းစည်းမတပ်တာတွေရှိလာပြီးနောက် မတ်လ ၁၃ ရက်နေ့က စလို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်တပ်အရေးယူမှုစခဲ့ပါတယ်။

ပိုးတွေ့လူနာအများဆုံး အင်းစိန်မြို့နယ်မှာတော့ We Love Insein အဖွဲ့က ပြည်သူတွေ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့ အသိပေးနှိုးဆော်တာတွေ၊ နှာခေါင်းစည်းဝေငှ တာတွေ လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်ရှိ ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်ရင် ပါးစပ်/နှာခေါင်းစည်း Mask တပ်ဖို့နဲ့ တခြားအချက် ၁၀ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ ဒေသန္တရမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၁ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ကြေညာချက်ဟာ မေလ ၁၃ ရက်နေ့ စတင်အကျုံးဝင်မှာဖြစ်ကြောင်းနဲ့ မလိုက်နာရင် ဒဏ်တပ်အရေးယူမယ်လို့လည်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက  ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013