DVB Logo
Home
မြန်မာသတင်း
စောဒေးဗစ်လားကို ၁၅ ရက်ချုပ်ရမန်ယူပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထား
DVB
·
May 20, 2020
စောဒေးဗစ်လားကို ၁၅ ရက်ချုပ်ရမန်ယူပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထား
1 / 5
Donate to DVB

ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားကို ၁၅ ရက်ချုပ်ရမန်ယူပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းလိုက်ပါတယ်။

Quarantine ရက်ပြည့်သွားတာကြောင့် တရားဟောဆရာ စောဒေးဗစ်လားကို ဒီနေ့မနက်က မရမ်းကုန်းမြို့နယ် ရဲစခန်းက ဗိုလ်အောင်ကျော်လမ်းက City hotelမှာ သွားရောက်ခေါ်ဆောင်ခဲ့တာပါ။

ရဲစခန်းက ဒေးဗစ်လားကို ပုဒ်မနံပတ် ၅၈၃/၂၀၂၀နဲ့အမှုတည်ဆောက်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးကို အမှုတင်သွင်းခဲ့ပါတယ်။ တရားရုံးကအမှုကို လက်ခံပြီး ဒေးဗစ်လားကို ၁၅ ရက်ချုပ်ရမန်နဲ့ အင်းစိန်ထောင်မှာထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်တာလို့ မရမ်းကုန်း မြို့နယ် တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။

တရားဟောဆရာစောဒေးဗစ်လားကို သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅နဲ့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ဧပြီလ ၁၄ ရက်နေ့က တရားစွဲဆိုခဲ့တာပါ။

ဒီဥပဒေအရ ပြစ်မှုထင်ရှားရင်  သုံးနှစ်ထက်မ ပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းတွေနဲ့ ပက်သက်တဲ့  ညွှန်ကြားချက်ကို မလိုက်နာဘဲ လူစုလူဝေးနဲ့ ဘာသာရေးပွဲတခုလုပ်ခဲ့လို့ စောဒေးဗစ်လားနဲ့ န၀ရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ခဲ့တာပါ။

သူတို့နဲ့အတူ အခမ်းအနားလုပ်ခဲ့တဲ့ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကိုတော့ အင်းစိန်မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။ ကနေဒါနိုင်ငံသား တရားဟောဆရာ စောဒေးဗစ်လားဟာ  ဇွန်လ ၃ ရက်နေ့မှာ နောက်ထပ်ရုံးချိန်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013