DVB Logo
Home
မြန်မာသတင်း
ဒေးဗစ်လားအမှု အမှန်အတိုင်းဖြစ်စေချင်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော
DVB
·
May 20, 2020
ဒေးဗစ်လားအမှု အမှန်အတိုင်းဖြစ်စေချင်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော
Donate to DVB

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းက City Hotel Yangon ဟိုတယ်မှာ Quarantine ဝင်နေတဲ့ တရားဟောဆရာဒေးဗစ်လားဟာ သတ်မှတ်ရက်ပြည့်ပြီးနောက် သူ့ကိုက တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဒီကနေ့ တရားရင်ဆိုင်ရမှာဖြစ်တာကြောင့် ဒီအမှုကို အမှန်အတိုင်းဖြစ်စေချင်တယ်လို့  ဗိုလ်တထောင်မြို့နယ်က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။

"ဥပဒေကြောင်းအရသွားရမယ်ဆိုရင် ဥပဒေထုတ်ပြန်ထားတာရှိတာပဲလေ။ လူစုလူဝေးမလုပ်ရဘူးဆိုတာ ရှိတာကိုး။ ဒီအပေါ်မှာ ဖောက်ဖျက်ခဲ့တာဆိုတော့ အဲဒီအတိုင်းတော့ သွားရမှာပါပဲရှင့်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူး။ မှန်တယ်ဆိုရင် အားလုံးတပြေးညီပဲ သွားရမှာပါရှင့်။ အမှန်အတိုင်းဖြစ်စေချင်ပါတယ်"လို့ ဒေါ်မေစိုးက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအပေါ်  လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့တယ်ဆိုပြီး  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန် မြို့မရဲစခန်းမှာ အမှုအမှတ် (ပ)၇၀၆/၂၀၂၀/၂၀၁၃ နဲ့ တရားစွဲထားပါတယ်။

အလားတူ ဦးစောဒေးဗစ်(ခေါ်)ဦးစောဒေးဗစ်လား(တရားဟောဆရာ)နဲ့ ဦးဝေထွန်း(နဝရတ်တေးသံသွင်း)တို့ကိုလည်း ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ မရမ်းကုန်းမြို့နယ်ရဲစခန်းက (ပ)၅၈၃/၂၀၂၀နဲ့ အမှုဖွင့်လှစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှုကော်မတီက အများပြည်သူကို ဧပြီ ၁၄ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ တောင်ဥက္ကလာပမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က " စောဒေးဗစ်လားကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကလည်း အားလုံးတပြေးညီအတိုင်းပဲ ဖြစ်စေချင်တာပါပဲ။ ဘယ်သူကဖြင့်ဘာဖြစ်လို့၊ ပိုက်ဆံမရှိလို့။ ရာထူးမရှိလို့ ဒါမျိုးတွေမဟုတ်ဘူး။ အကုန်လုံး ဥပဒေချိုးဖောက်ရင် ဘယ်သူမဆို ဥပဒေအတိုင်းပဲ သွားမှာပါ။ ဒါမှလည်း တရားဥပဒေစိုးမိုးမှုက ရှင်သန်အောင်မြင်မှာလေ။ ပြည်သူကိုလည်း ဥပဒေနဲ့ ထိန်းချုပ်ပြီးတော့ ကာကွယ်မှုလဲပေးနိုင်တာ ဥပဒေပါ။ "လို့ ဒီဗွီဘီကို ပြောပါတယ်။

တရားဟောဆရာဒေးဗစ်လားအမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မရမ်းကုန်းမြို့မရဲစခန်းမှူးကို မေလ ၁၉ ရက် ည ၉ နာရီလောက်အထိ  ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဆိုခြင်းမရှိခဲ့ပါဘူး။

လုပ်ထုံးလုပ်နည်းအရ Quarantine  ကာလ  ၂၁ ရက်ဝင်ပြီးပါက  ဒေးဗစ်လားတို့နဲ့ တချိန်တည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန် မြို့မရဲစခန်းမှာ အမှုအမှတ် (ပ)၇၀၆/၂၀၂၀/၂၀၁၃နဲ့ တရားစွဲခံထားရတဲ့ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို ဥပဒေအကြံပြုချက်ရယူကာ တရားစွဲတင်သွားမယ်လို့ အင်းစိန် မြို့မရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013