DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် လူနာအမှတ် ၁၉၁ နှင့် ထိတွေ့ခဲ့သူ သတင်းသမား ၂ ဦးအပါအဝင်  ၁၂ ဦးကို Quarantine လုပ်မည်
DVB
·
May 19, 2020
ပုသိမ်တွင် လူနာအမှတ် ၁၉၁ နှင့် ထိတွေ့ခဲ့သူ သတင်းသမား ၂ ဦးအပါအဝင်  ၁၂ ဦးကို Quarantine လုပ်မည်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၁၈ ရက်နေ့က ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးခဲ့တဲ့ မလေးရှားနိုင်ငံက ပြန်လာသူ ၁၅ ဦးအနက် ၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့က သတင်းထောက် ၂ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးကို Quarantine ထားရှိမှာဖြစ်တယ်လို့ Quarantine Center က တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။

Regional Quarantine တာဝန်ရှိသူ ဒေါက်တာ မြတ်မင်းထွန်း က “ခုလောလောဆယ် ၁ ယောက်တွေ့တယ် ပုသိမ်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ သူနဲ့ ပတ်သက်ပြီး ဒီက Volunteer တွေ သတင်းသမားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို Quarantine လုပ်သွား မှာပါ" လို့ ပြောပါတယ်။

လူနာအမှတ် ၁၉၁ မလေးရှားနိုင်ငံက ပြန်လာပြီး ပုသိမ်မြို့ကို ရောက်ရှိချိန်မှာ သွားရောက် သတင်းရယူခဲ့တဲ့ Delta News Agency က သတင်းထောက် ၁ ဦးနဲ့ MNTV သတင်းဌာနက သတင်းထောက် ၁ ဦး အပါအဝင် Volunteer ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဆည်းမြောင်းဝန်ထမ်း ၃ ဦးတို့ကို Quarantine ပြုလုပ်သွားမှာဖြစ်ပါတယ်။

"Delta New Agency က ရုပ်သံသတင်းထောက် ကိုမျိုးစံစိုးက သူ့တစ်ယောက်ထဲကိုတော့ မဟုတ်ဘူး ပြန်လာတဲ့နေ့က ၁၈ ထဲက ၃ ဦးကို အင်တာဗျူး လုပ်ခဲ့တာ၊ ပိုးတွေ့လူနာတော့မပါဘူး အင်တာဗျူး လုပ်တဲ့ အထဲမှာ၊ သူမှာရောဂါတွေ့တော့ ကျနော်တို့ကို Quarantine လုပ်မယ်လို့ ပြောပါတယ်၊ ညနေကျရင်တော့ သွားပြီး Quarantine ဝင်မှာ"လို့ ပြောပါတယ်။

ပုသိမ်တက္ကသိုလ် Facility Quarantine အဆောင်မှာ ထားရှိမယ့် လူနာအမှတ် ၁၉၁ နဲ့ ထိတွေ့ခဲ့သူ ၉ ဦးလုံးကို လိုအပ်တဲ့ စစ်ဆေးမှုများရယူကာ ဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

"ဓာတ်ခွဲနမူနာယူဖို့ ဆရာရှိကို စာရင်း ၉ ဦးယောက် ပါတယ်၊ လူနာအမှတ် ၁၉၁ ကတော့ ကျန်းမာရေးအခြေအနေကောင်းပါတယ်၊ ခု ၉ ဦးကိုလည်း စိတ်ချရအောင် စစ်ဆေးတာပါ"လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကိုပြောတယ်။

လူနာအမှတ် ၁၉၁ မလေးရှားက ပြန်လာချိန်မှာ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ဆည်မြောင်း ဌာနက ဝန်ထမ်း ၃ ဦး၊ သတင်းရယူခဲ့တဲ့ သတင်းထောက် ၂ ဦး၊ Volunteer ၃ ဦးကို ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ Quarantine ပြုလုပ်သွားဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးကိုတော့ Home Quarantine ထားရှိသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်းထောက် ၂ ဦး Quarantine ဝင်ရမှာနဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ် ကွန်ရက်(ဧရာဝတီ)မှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ဆက်သွယ်အကြောင်းကြားပြီး လိုအပ်တဲ့ အကူညီတွေ တောင်းခံပေးထားတယ်လို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013