DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် သေမင်းဝတ်စုံများဝတ်ဆင်ကာ Mask Campaign ပြုလုပ်
DVB
·
May 19, 2020
မုံရွာတွင် သေမင်းဝတ်စုံများဝတ်ဆင်ကာ Mask Campaign ပြုလုပ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့ရှိ ကန်သာယာ ယာယီပျံကျစျေးမှာ Save Monywa အဖွဲ့ကနေ သေမင်းဝတ်စုံတွေနဲ့  Mask Campaign ကို ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ  သေမင်းဝတ်စုံ ဝတ်ထားသူတွေက အပြင်ထွက်သွားလာရင် Mask တပ်ကြဖို့ ဆော်သြခဲ့သလို ဒေသတွင်းက Mask ထုတ်နေသူတွေကလည်း အခမဲ့ ပေးဝေခဲ့ကြပါတယ်။

ဦးဆောင်သူ ဦးအောင်နေမျိုးက "အခုနောက်ပိုင်းဆိုရင် လူတွေက သိပ်မကြောက်ကြတော့ဘူး။ အပြင်ထွက်ရင်လည်း Mask တပ်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် လိုက်နာမှု အားနည်းတာတွေ့ရတယ်။ အဲဒီအတွက် အခုလို ကမ်ပိန်းကို ပြုလုပ်တာပါ။ ဒီအတွက် လုပ်နေတုန်းပဲဆိုဆို အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ အသိတစ်ခုတော့ ရမယ်ထင်ပါတယ်။"လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကို နောက်နေ့တွေမှာလည်း မုံရွာမြို့က လူစည်ကားရာနေရာတွေမှာအပြင် ချောင်းဦးမြို့က ယာယီပျံကျစျေးတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အစောပိုင်းကာလမှာ အစိုးရ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေဦးဆောင်ကာ Mask အခမဲ့ပေးဝေတာ၊ ပညာပေးတာတွေပြုလုပ်တာတွေရှိပေမဲ့ ပြည်သူတွေရဲ့လိုက်နာမှုမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။

အစိုးရကတော့ လမ်းဆုံလိုနေရာတွေမှာ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့ ဗွီနိုင်းပိုစတာတွေနဲ့ အသိပေးထားသလို မလိုက်နာပါက အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013