DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်နှင့် မိစန္ဒီ ကာဗာသီဆိုထားကြသည့် ဂျပ်စတင်ဘီဘာသီချင်း-Intentions(ရုပ်သံ)
DVB
·
May 19, 2020
နီနီခင်ဇော်နှင့် မိစန္ဒီ ကာဗာသီဆိုထားကြသည့် ဂျပ်စတင်ဘီဘာသီချင်း-Intentions(ရုပ်သံ)
Donate to DVB

       ကမ္ဘာကျော် အဆိုတော်တယောက်ဖြစ်တဲ့ ဂျပ်စတင်ဘီဘာရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Intentions သီချင်းကို နီနီခင်ဇော်နဲ့ မိစန္ဒီတို့က ကာဗာအနေနဲ့ ပြန်လည်သီဆိုထားကြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ရှိလာပါတယ်။

       ဒီသီချင်းဟာ ဂျပ်စတင်ဘီဘာရဲ့ ၅ ချပ်မြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ Changes ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပြီး အမေရိကန် ရက်ပ်ပါ Quavo နဲ့ တွဲဖက်သီ ဆိုထားခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထွက်ရှိထားခဲ့တာပါ။

       ခုတခါမှာတော့ နီနီခင်ဇော်၊ မိစန္ဒီတို့ရဲ့ သီဆိုဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

       “Picture-perfect, you don't need no filter… Gorgeous, make 'em drop dead, you a killer… Shower you with all my attention… Yeah, these are my only intentions… Stay in the kitchen, cooking up, cut your own bread… Heart full of equity, you're an asset… Make sure that you don't need no mentions… Yeah, these are my only intentions”

       ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

လူငယ်ပရိသတ်တွေကြား ရေပန်းစားအားပေးမှုတွေနဲ့ အခိုင်အမာရပ်တည်ခဲ့တဲ့ ဟစ်ပ်ဟော့ပ်နဲ့ အာရ်အဲန်ဘီအဆိုတော် မိစန္ဒီကတော့ အမိုက်စား ရက်ပ်တေးသွားတွေ၊ အလန်းစား ရိုက်ချက်တွေနဲ့ သူ့ရဲ့အမာခံပရိသတ်တွေ ကြားမှာ နာမည်ကြီးသူတယောက် ဖြစ်ပြီး တကိုယ်တော်တေးအယ်လ်ဘမ် တွေ ဖြစ်တဲ့ မိုနိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲစတဲ့ သီချင်းခွေတွေအပြင် တခြားအုပ်စုလိုက် တေးအယ်လ်ဘမ် တွေမှာရော အတွဲသီချင်းတွေမှာပါ သီဆိုလှုပ်ရှားနေသူ ဖြစ်ပါတယ်။

“Shout out to your mom and dad for making you… Standing ovation, they did a great job raising you… When I create, you're my muse… The kind of smile that makes the news… Can't nobody throw shade on your name in these streets…Triple threat, you a boss, you a bank, you a beast… You make it easy to choose… You got a mean touch I can't refuse”

သူတို့ ၂ ယောက်သီဆိုထားဖူးတဲ့ ကျေးကျွန်၊ အသနားခံစာ၊ ချစ်ခြင်းများစွာဖြင့် စတဲ့ သီချင်းတွေဟာလည်း ပရိသတ်တွေ အားပေးလက်ခံခဲ့ကြတဲ့ သီချင်းတွေ ဖြစ်တာမို့ ခုတခါ ထူးထူးခြားခြား တွဲဖက်သီဆိုမှုကလည်း ပုံစံတမျိုးနဲ့ ထူးခြားနေမှာ ဖြစ်ပါတယ်။

       ဒီသီချင်းကိုတော့ နီနီခင်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှ တဆင့် မေလ ၁၇ ရက်နေ့က မျှဝေထားခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှု နားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013