DVB Logo
Home
မြန်မာသတင်း
ကလေးမြို့က COVID-19  လူနာ ၂ ဦး ဆေးရုံမှ ဆင်း 
DVB
·
May 18, 2020
ကလေးမြို့က COVID-19  လူနာ ၂ ဦး ဆေးရုံမှ ဆင်း 
Donate to DVB

ကလေးမြို့တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့  COVID-19 ပိုးတွေ့လူနာ  ၂  ဦးဟာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တော့တာကြောင့် ဒီနေ့ ညနေပိုင်းမှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီးနောက် ကလေးမြို့မှာ   COVID-19 လူနာ မရှိတော့ဘူးလို့ သိရပါတယ်။

ကလေးမြို့မှာ  COVID-19 လူနာ (၆) ဦးရှိပြီး  လူနာအမှတ် (၇၄) ဟာ မေလ ၈ နေ့က ဆေးရုံက ဆင်းသွားသလို လူနာအမှတ်  (၁၁၅)၊ (၁၁၆)၊ (၁၁၇) တို့ဟာလည်း မေလ ၁၅ ရက်က  ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။

ကျန်တဲ့ ပိုးတွေ့လူနာ အမှတ် ၈၈ နဲ့ ၁၁၄ တို့ရဲ့ ဓာတ်ခွဲနမူနာကို ထပ်မံစစ်ဆေးကြည့်ရာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တာကြောင့် ဒီနေ့ ညနေပိုင်းမှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေကို Home Quarantine ၁၄ ရက် ဆက်ထားမှာ ဖြစ်ပါတယ်။

ကလေးမြို့က လူနာအမှတ် (၇၄) နဲ့ (၈၈) တို့ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရောဂါပိုး  တွေ့ရှိတဲ့ တီးတိန်မြို့နယ်က လူနာအမှတ် (၁) ထံကနေ ကူးစက်ခံရသူတွေဖြစ်ကြပြီး  ကျန်တဲ့ လူနာအမှတ် (၁၁၄) (၁၁၅) (၁၁၆) (၁၁၇) တို့ဟာ လူနာအမှတ် (၈၈) ရဲ့ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။

လက်ရှိ ကလေးမြို့မှာ အပြင်ထွက်ရင် mask တပ်ကြဖို့ ဒေသန္တရ အမိန့် ထုတ်ပြန်ထားပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ကျန်းမာရေးကိစ္စမှအပ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အပြင်မထွက်ဖို့လည်း ထုတ်ပြန်ထားပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013