DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်က အတည်ပြု လူနာ ၂ ဦးနှင့် ဆက်စပ်ခဲ့သူများကို Quarantine ထားမည်ဟု လူမှုရေးဝန်ကြီးပြော
DVB
·
May 18, 2020
ကရင်ပြည်နယ်က အတည်ပြု လူနာ ၂ ဦးနှင့် ဆက်စပ်ခဲ့သူများကို Quarantine ထားမည်ဟု လူမှုရေးဝန်ကြီးပြော
Donate to DVB

ကရင်ပြည်နယ်မှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၂ ဦးနဲ့ ဆက်စပ်မှုရှိသူတွေကို Quarantine ထားရှိပြီး စောင့်ကြည့်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။

ဘားအံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းမှာ Quarantine ဝင်ရောက်နေသူ ၂ ယောက်မှာ COVID-19 ရောဂါပိုးတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ထားတာပါ။

သူတို့ နှစ်ဦးဟာ မေ ၁၂ ရက်နေ့က မလေးရှာနိုင်ငံကနေပြန်လည်ဝင်ရောက်လာသူ ၁၆ ယောက်ထဲက COVID-19 ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ဘားအံပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင်ကို ပြောင်းရွှေ့ပြီး ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“သူတို့ ၁၆ ယောက်ကတော့ အားလုံးစစ်ပြီးသွားပြီ။ ထပ်မံပြီးတော့ သူတို့ရဲ့အဝန်းအဝိုင်းမှာရှိတဲ့ အတွင်းစည်းမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ Volunteer တွေ ပြီးရင် အပြင်စည်းမှာရှိတဲ့ လူတွေကိုပါ Quarantine ထား ဆောင်ရွက်ဖို့ရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လူနာ ၁၈၆ နဲ့ ၁၈၇ တို့ ၂ ယောက်ဟာ မေ ၁၁ ရက်နေ့က မလေးရှာနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ လူနာအမှတ် ၁၈၂ နဲ့အတူ လေယာဉ်စီးနင်းလိုက်ပါလာသူတွေဖြစ်ပြီး ထိတွေ့တဲ့ရာဇဝင်တွေအရ ဓာတ်ခွဲနမူနာပေးပို့ခဲ့ရာက ရောဂါပိုးတွေ့ရှိခဲ့တာပါ။

အတည်ပြု လူနာ ၂ ဦးကို ဘားအံပြည်သူ့ဆေးရုံမှာ နေ့ဆိုင်း ညဆိုင်းနဲ့ ဆေးကုသမှုတွေ ပေးသွားမယ်လို့  ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။

“လူနာက အခုပဲရောက်ခဲ့ပြီ။ နောက် အထူးကုဆရာဝန်ကြီး ဦးဆောင်ပြီး နေ့ဆိုင်း ညဆိုင်းနဲ့ ကျန်းမာရေးတွေကို တာဝန်ယူပြီးကုသမယ်။ လူနာရဲ့ ရောဂါအခြေအနေဆိုးဝါးမှုအပေါ်ကြည့်ပြီး ကုသွားမယ်”လို ပြောပါတယ်။

ကော့ကရိတ်မြို့ကနေ လူနာ ၂ ဦးကို သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ ဘားအံမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဟိန်းနောင်က “ကျနော်တို့ကတော့ အစကတည်းက COVID လူနာအကြိုအပို့ရေးအတွက် ပါထားတယ်။ လူနာတွေက ကောင်းကောင်းမွန်ပါပဲ၊ တအားကြီး အဆိုးဝါးကြီးလည်း မဟုတ်တော့ အေးဆေးပါပဲ” လို့ ပြောပါတယ်။

ဘားအံမြို့၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းမှာ Quarantine ဝင်ရောက်နေသူ ၁၆ ယောက်ဟာ ကရင်ပြည်နယ်အတွင်း မြို့နယ်တွေကဖြစ်ပြီး ရောဂါပိုးတွေ့တဲ့ အသက် ၂၂ နဲ့ အသက် ၃၅ နှစ်အရွယ် ၂ ဦးဟာ ကော့ကရိတ်မြို့နယ်အတွင်းက ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မေ ၁၈ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၈၇ ယောက်၊ သေဆုံးသူ ၆ ယောက်နဲ့ ရောဂါပိုးကင်းစင်သူ ၉၇ ယောက်ရှိသွားပြီးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013