DVB Logo
Home
မြန်မာသတင်း
ဆန်လိုအပ်နေသူများအတွက် အခမဲ့ Rice ATM လှိုင်သာယာတွင် စတင်စမ်းသပ်  
DVB
·
May 18, 2020
ဆန်လိုအပ်နေသူများအတွက် အခမဲ့ Rice ATM လှိုင်သာယာတွင် စတင်စမ်းသပ်  
Donate to DVB

COVID-19 ကပ်ဘေးကာလ အကျပ်အတည်းကြောင့်  စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့ အခြေခံလူ တန်းစားတွေအတွက် ရည်ရွယ်ပြီး ဆန်ကိုအလိုအလျောက်ထုတ်ယူနိုင်တဲ့ Rice ATM စနစ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စတင်စမ်းသပ်လုပ်ဆောင်နေပါတယ်။ 

အင်တာနက်ကနေ QR ကုတ်ယူပြီး ဆန်ကိုအလိုအလျောက် အခမဲ့ ထုတ်ယူနိုင်တဲ့ စနစ်ကို မေလ ၁၆ ရက်နေ့ကစပြီး လှိုင်သာယာမြို့နယ်မှာ ပထမဦးဆုံးအကြိမ် စတင်စမ်းသပ်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်ဟာ လူဦးရေအရမ်းများတဲ့မြို့နယ်ဖြစ်ပြီး အခြေခံလူတန်းစားတွေ များတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါကြောင့် COVID-19 ကာလအတွင်း စားဝတ်နေရေးအခက်ခဲဖြစ် နေတဲ့ သူတွေကို ရည်ရွယ်ပြီး အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။ 

အဲ့ဒီအစီအစဉ်ကို We love Hlaingtharyar ပရဟိတအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး  အကောင်အထည်အဖာ်လုပ်ဆောင်တာဖြစ်ပါတယ်။

အခုလို အခမဲ့ ဆန်ထုတ်ယူနိုင်ဖို့ We love Hlaingtharyar ဖေ့ဘွတ်ခ်စာမျက်နှာ Chatbox မှာ လျှောက်လွှာကိုဖြည့်သွင်းရ မှာဖြစ်ပါတယ်။

လျှောက်လွှာ ဖြည့်သွင်းပြီးတဲ့အခါ မိုဘိုင်းဖုန်းမှာ QR ကုတ်တစ်ခုရ ရှိမှာဖြစ်ပြီး နဲ့ အလိုအလျောက်ဆန်ထုတ်ယူနိုင်တဲ့နေရာမှာ  လာရောက်ပြီး အခခဲ့ ဆန်ထုတ်ယူနိုင်တယ်လို့ We love  Hlaingtharyar အဖွဲ့  စီမံခန့်ခွဲရေး တာဝန်ရှိသူ ဦးထက်ဖြိုးဝေက ပြောပါတယ်။ 

ဆန်လိုအပ်ချက်ရှိသူတွေအတွက် ဆန်အလိုအလျှောက်ပေးဝေးစက်ကို  လှိုင်သာယာမြို့နယ် အမှတ် (၅၇၂/က/ခ) မကွေးလမ်း၊ (၉)ရပ်ကွက်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးမှာ ထားရှိတာ ဖြစ်ပါတယ်။ 

လာရောက်ထုတ်ယူတဲ့သူတွေကို ကန့်သတ်ချက်အနေနဲ့ တစ်ဦးကို ဆန် ၁ ဒသမ ၅ ကီလိုဂရမ် (ဆန်နို့ဆီဘူး  ၆ ဘူး) နှုန်း ထုတ်ယူနိုင်မှာဖြစ်ပြီး တစ်ရက်ခြားတစ်ခါ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

အခုလို အလိုလျောက် ဆန်ထုတ်ယူနိုင်တဲ့ စက်တစ်လုံးကို  ကျပ်သိန်း ၂၀အထိ အကုန်ကျခံကာ စမ်းသပ်မှုတစ်ခု အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှု အောင်မြင်သွားရင်တော  နောက်မှာ တိုးချဲ့သွားဖို့ ရှိတယ်လို့ We love Hlaingtharyar အဖွဲ့က ပြောပါတယ်။ 

ဓာတ်ပုံ-We love Hlaingtharyar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013