DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ထောင်နှင့်ချီသည့် Mask မတပ်သူများကို စတင်အရေးယူ
DVB
·
May 18, 2020
ကယားပြည်နယ်တွင် ထောင်နှင့်ချီသည့် Mask မတပ်သူများကို စတင်အရေးယူ
Donate to DVB

ကယားပြည်နယ်အတွင်း အိမ်ပြင်ထွက်တဲ့အခါ နှာခေါင်းစည်း Mask မတပ်သူတွေကို မေလ ၁၆ ရက်နေ့ကစပြီး စတင်အရေးယူဆောင်ရွက်နေပါတယ်။

COVID–19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေနဲ့ မေလ ၁၆ ရက်နေ့ တရက်တည်းမှာပဲ ကယားပြည်နယ်အတွင်း ထောင်နဲ့ချီတဲ့  Mask မတပ်သူတွေကို အရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးခဲ့ရာမှာ နှာခေါင်းစည်းမတပ်ဘဲ အိမ်အပြင်ထွက်သူ ၅၄၉  ဦးကို  Mask ၂ ခုကို ငွေကျပ် ၁၀၀၀ နဲ့ ဝယ်ယူစေပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာလည်း လမ်းပြင်ထွက်ရာမှာ Mask တပ်ဆင်ခြင်းမရှိသူ ၁၃၅၃ ဦး၊ ဖရူဆိုမြို့နယ်မှာ ၁၇၀ ဦး၊ ရှားတောမြို့နယ်မှာ ၁၆ ဦး၊ မယ်စဲမြို့နယ်မှာ ၁၉ ဦး တို့ကို mask  ၂ ခု ကျပ် ၁၀၀၀ နှုန်းနဲ့  ချက်ချင်းတပ်ဆင်စေတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။

ကယားပြည်နယ်အတွင်းမှာရှိ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မဖြစ်မနေ Mask တပ်ဆင်ဖို့နဲ့ လိုက်နာမှုမရှိရင်  ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ အစိုးရက မေ ၁၄ ရက်နေ့က  ထုတ်ပြန်ပြီး မေလ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ပညာပေးကာလအဖြစ်သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။

ကယားပြည်နယ်မှာ မေလ ၁၈ ရက်အထိ COVID-19 အတည်ပြုလူနာ မတွေ့ရသေးပေမယ့်  သံသယလူနာအနေနဲ့ ဆေးစစ်ချက် စောင့်ဆိုင်းနေသူ  ၁၁ ဦးရှိကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်တခုလုံးမှာရှိတဲ့  Community Based Facility Quarantine စင်တာအသီးသီးမှာ  မေလ ၁၇ ရက်နေ့အထိ လူပေါင်း ၁၉၀ ဦး ထားရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013