DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း မီတာခ ကွာဟမှုရှိပါက တိုင်ကြားရန် လျှပ်စစ်ဝန်ကြီး ဖိတ်ခေါ်
DVB
·
May 18, 2020
ဧရာဝတီတိုင်းအတွင်း မီတာခ ကွာဟမှုရှိပါက တိုင်ကြားရန် လျှပ်စစ်ဝန်ကြီး ဖိတ်ခေါ်
1 / 4
Donate to DVB

ဧရာဝတီတိုင်းအတွင်း မီတာခတွေကွာဟမှုရှိနေရင် လာရောက်တိုင်ကြားဖို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။

ဧရာဝတီတိုင်းအတွင်း လျှပ်စစ်အသုံးပြုတာနဲ့ပတ်သက်ပြီး မီတာခတွေကောက်ခံချိန်မှာ အသုံးပြုတာထက်ပိုကုန်ကျနေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြားဝေဖန်မှုတွေရှိလာလို့ တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ရှိသူကို စိစစ်ပေးဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။

“အဓိကမီတာခ များတယ်လို့ပြောနေတယ်။ မီတာခကို စနစ်တကျ ကောက်ခံနေတယ်၊ ကောက်တဲ့ အခါမှာလည်း သုံးစွဲမှုပေါ်မှုတည်ပါတယ်။ ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတော့ မိတာခများတယ်လို့ ထင်ရင် ကျနော့်ကိုပြောပါ။ ကျနော်က တိုင်းလျှပ်စစ်ကိုပြောပြီး အဲ့အိမ်ရဲ့ မီတာသုံးစွဲမှုကို ပြန်လည်စိစစ်တာတွေ ပြုလုပ်ပေးသွားမယ်။”

Covid-19 ရောဂါဖြစ်ပွားနေစဉ်အချိန်ကာလအတွင်း နိုင်ငံတော်က လျှပ်စစ်ဓာတ်အားသုံးစွဲတာကို ၁၅၀ ယူနစ်အထိ အခမဲ့ဖြစ်တယ်လို့ ဧပြီလ ၇ ရက်နေ့က ကြေညာခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့က ပြည်သူတွေက လျှပ်စစ်မီတာက အရင်ကထက်ပိုကုန်ကျနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ဆိုင်တွေပိတ်ထားပြီး သိသိသာသာလုပ်ငန်းတွေ ရပ်ထားလို့ မီတာခလျော့ကျအောင် သုံးစွဲတာကို လျော့ချထားတဲ့လမှ မီတာ ခအရင်လထက်ပိုကျခဲ့လို ရုံးကလူကို ခေါ်စစ်ဆေးချိန်မှာ စက်ဆိုတာ မမှန်နိုင်တဲ့အတွက် ရုံးမှာလာရှင်းပေးဖို့ ပြောဆိုခဲ့တာတွေလည်း ရှိတယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

“ဒီရုံးကလူကို ခေါ်မှ မဟုတ်ဘူး၊ တိုင်းပေါ်ကို ကြည့်လိုက်တာနဲ့ ကိုယ်သုံးတဲ့ ပမာဏကို သိနိုင်အောင် အိမ်မှာ ကိုယ်ဘာသာကြည့်ပြီး မီတာသုံးစွဲတဲ့ယူနစ် ပမဏကို ပွင့်လင်းမြင်သာသိနိုင်အောင် လုပ်ပေးစေချင်ပါတယ်။ ကျန်တာကတော့ ကိုယ်သုံးရင် ကိုယ်ပေးရမယ်ဆိုတာကို သိပါတယ်။”

ပုသိမ်မြို့နယ်လျှပ်စစ်ဌာန ဝန်ထမ်းတွေကတော့ မိတာခကို စနစ်တကျကောက်ယူခဲ့တာဖြစ်ပြီး နိုင်ငံတော်က ကင်းလွတ်ခွင့်ပြုထားတဲ့ ယူနစ် ၁၅၀ မှာ အသုံးပြုတဲ့ ယူနစ်ထဲက နုတ်ယူတာမဟုတ်ဘဲ ငွေသားအနေနဲ့ တွက်ပြီး နုတ်ယူတာမလို့ ခုလိုအထင်လွဲမှားတာတွေ ဖြစ်လာတာလို့ ဆိုပါတယ်။

‌လက်ရှိအချိန်မှာ မီတာပုံးတွေကို ဓာတ်တိုင်ပေါ်ထားပြီး ဒီဂျစ်တယ်စနစ်နဲ့ မီတာဖတ်တာတွေကြောင့် လွဲမှားတာတွေရှိနိုင်လို့ ခုလို သုံးတာထက်ပိုကုန်ကျနေရတာဖြစ်ပြီး အရင်လို နေအိမ်တွေမှာပြန်ထားပြီး မီတာဖတ်တာတွေ ဖြစ်စေချင်တယ်လို့ ဒေသခံအများစုက ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013