DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းနှင့်ကရင်ပြည်နယ်တို့တွင် COVID-19 လူနာသစ် ၃ ဦး တွေ့ရှိ
DVB
·
May 18, 2020
တနင်္သာရီတိုင်းနှင့်ကရင်ပြည်နယ်တို့တွင် COVID-19 လူနာသစ် ၃ ဦး တွေ့ရှိ
Donate to DVB

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁၉၀ ခုအား မေ ၁၇ ရက်နေ့ညပိုင်း စစ်ဆေးချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီခွဲ ထုတ်ပြန်ပါတယ်။

လူနာသစ် ၃ ဦးဟာ မလေးရှားက ပြန်လာသူတွေဖြစ်ပြီး တနင်္သာရီတိုင်းက ၁ ဦးနဲ့ ကရင်ပြည်နယ်က ၂ ဦးတို့ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းက အသက် ၄၆ နှစ်အရွယ် လူနာ အမှတ် ၁၈၅ ကတော့ လောင်းလုံးမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး လက်ရှိ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က အသက် ၂၂ နှစ်အရွယ် လူနာအမှတ် ၁၈၆ နဲ့ အသက် ၃၅ နှစ်အရွယ် လူနာအမှတ် ၁၈၇ တို့ကလည်း အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။

မနေ့ညကလည်း လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး မရမ်းကုန်းမြို့နယ်က အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ပုဇွန်တောင်မြို့နယ်က  အသက် ၄၁ နှစ်အရွယ်ရှိ မလေးရှားပြန် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၇ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၉၇ ဦး၊  သေဆုံးသူ ၆ ဦး ရှိပြီးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မေ ၁၇ ရက်နေ့က COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဓာတ်ခွဲနမူနာ ၃၇၆ ခုနဲ့ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၀၀ ခုတို့အား စစ်ဆေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013