DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာပ၊ ဗဟန်းနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ကျန်းမာရေးစစ်တမ်းကောက်မည် 
DVB
·
May 17, 2020
တောင်ဥက္ကလာပ၊ ဗဟန်းနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ကျန်းမာရေးစစ်တမ်းကောက်မည် 
Donate to DVB

COVID-19 လူနာတွေ တွေ့ရှိခဲ့တဲ့ ရန်ကုန်တိုင်း၊  တောင်ဥက္ကလာပ ၊ ဗဟန်းနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ  ကျန်းမာရေးစစ်တမ်းကောက်ယူတော့မယ်လို့  ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ အင်းစိန်၊ လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေမှာ  စီမံချက်အကြီးအနေနဲ့  ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ပြီး အင်းစိန်မှာ သောင်းနဲ့ချီတဲ့လူတွေကို စစ်ဆေးရာမှာ လူ ၁၅ ယောက်မှာရောဂါလက္ခဏာတွေ့လို့ ဆေးရုံပို့ခဲ့ရပြီး သူတို့အထဲက သံသယရှိသူ ၃ ဦးထွက်ပေါ်လာခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာတော့ လူပေါင်း အယောက် ၁၄၀၀၀၀ ကျော်ကို စစ်ဆေးရာမှာ လူ ၆ ဦးမှာရောဂါလက္ခဏာတွေ့ရသလို တာမွေမြို့နယ်လည်း ကိုယ်ပူချိန်မြင့်တက်နေတဲ့ လူ ၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက“ ပြည်သူလူထုရဲ့ တုံ့ပြန်မှုက ကျေနပ်မှုရတယ်လို့ ကျတော်တို့ မြင်တယ်။ တာဝန်ရှိသူတွေက မှတ်ချက်ပေးရာမှာ ပြည်သူလုထုက စိတ်လုံခြုံမှုရသွားတယ်။ သူတို့ကျန်းမာရေးကို စစ်ပေးတဲ့ပုံစံဖြစ်သွားတော့ ဒါက အကျိုးကျေးဇူးအကောင်းဆုံးပေါ့နော်”လို့ ပြောပါတယ်။

ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ ဒီရက်ပိုင်းမှာပဲ  တောင်ဥက္ကလာပမြို့နယ်နဲ့ ဗဟန်းမြို့နယ်ကို စတင်မှာဖြစ်ပြီး   ဗဟန်းမြို့နယ်မှာတော့ မေလ ၂၃ ရက်နေ့မှာ ကျန်းမာရေးစစ်တမ်း ကောက်ယူမှာဖြစ်ပါတယ်။

ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ အပူချိန်တိုင်းကိရိယာ တပ်ဆင်ထားတဲ့ကားတွေနဲ့ ကားပေါ်မှာ ဆရာဝန်နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ လိုက်ပါလာပြီး အများပြည်သူကို ရောဂါလက္ခဏာ ၈ မျိုးစစ်ပေးမှာဖြစ်ပါတယ်။  နောက်တစ်မျိုးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတသမားတွေ အပြင် ရပ်/ကျေးဆယ်အိမ်မှူးတွေက အိမ်တိုင်ရာရောက်ကျန်းမာရေး စစ်ဆေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013