DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၈၄ ဦးရှိလာ
DVB
·
May 17, 2020
ရန်ကုန်တွင် COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၈၄ ဦးရှိလာ
Donate to DVB

ရန်ကုန်မှာ COVID-19  အတည်ပြုလူနာသစ် ၂ ဦး ထပ်တွေ့ရပြီး နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၈၄ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ဒီကနေ့ ည ထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါ လူနာသစ် ၂ ဦးကတော့ မရမ်းကုန်းမြို့နယ်က အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ပုဇွန်တောင်မြို့နယ်က  အသက် ၄၁ နှစ်အရွယ်ရှိ မလေးရှားပြန် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။ 

လူနာသစ် ၂ ဦးစလုံးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိဘဲ တဦးက စောင့်ကြည့် လူနာဖြစ်ပြီး ကျန်တဦးကတော့ အသွားအလာကန့်ခံထားရသူဖြစ်ပါတယ်။

ဒီကနေ့ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၀၀ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၈၆ ခု၊ စုစုပေါင်း ၃၈၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာမှာ အတည်ပြု လူနာသစ် ၂ ဦးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ မေလ ၁၇ ရက် ည ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၄ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၉၇ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၈၄ ဦး ရှိပြီဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013