DVB Logo
Home
မြန်မာသတင်း
ရေကြီး နစ်မြုပ်ဒဏ်ခံခဲ့ရသည့် ရွှေ့ပြောင်းနေထိုင်သူများ အခက်အခဲများ ရင်ဆိုင်နေရ
DVB
·
May 17, 2020
ရေကြီး နစ်မြုပ်ဒဏ်ခံခဲ့ရသည့် ရွှေ့ပြောင်းနေထိုင်သူများ အခက်အခဲများ ရင်ဆိုင်နေရ
1 / 2
Donate to DVB

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှု နှစ်စဉ်ကြုံတွေ့နေရတဲ့ ရပ်ကွက်နေ ပြည်သူတွေ မြို့တိုးချဲ့ရပ်ကွက် ပြောင်းရွှေ့မြေနေရာမှာ ရေ မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

နှစ်စဉ် မွန်ပြည်နယ် ဘီးလင်းမြစ် ရေကြီးရေလျှံမှု၊ ကမ်းပါးပြိုကျမှုတွေကြောင့် မြစ်ကမ်းအနီး နေထိုင်သူတွေကို သဘာဝဘေးအန္တရာယ်ကနေ လွတ်ကင်းစေဖို့အတွက် အစိုးရရဲ့ အကူအညီနဲ့ ရွှေ့ပြောင်းပေးမယ်လို့ တာဝန်ရှိသူက ပြောဆိုကတိပေးထားခဲ့ပေမယ့် ဒီကနေ့အထိ ဆောင်ရွက်ပေးတာမရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

နိုင်ငံတော်က အိမ်ခြံကွက်ပေးတာ အင်မတန်ကောင်းပေမယ့် ရေကအစ နေရေးထိုင်ရေး အားလုံးက ဒုက္ခတွေ ရောက်နေကြတယ်လို့ ပြောင်းရွှေ့ခဲ့သူတဦးဖြစ်တဲ့ ဘီးလင်းမြို့၊ ဘုရင်နောင်ကွက်သစ်၊ ဦးတင်အေးက ပြောပါတယ်။

 “ခြံမြေလောက်သာ ပြည့်ပြည့်စုံစုံပေးတာပဲ ရှိပါတယ်။ ရေကအစ ဒီနေ့အချိန်အထိ မမှန်ဘူး။ စည်ပင်ကပေးတာ နှစ်ရက်ကိုမှ ကားသေးသေးလေးနဲ့ ၁ စီးလောက် ပေးတယ်။ ဒီနေ့အချိန်အထိက ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်က ပြောင်းရွှေ့လိုသူတွေရဲ့ သဘောတူညီချက်နဲ့ ပြောင်းရွှေ့ပေးတာဖြစ်ပြီး လမ်းနဲ့ ရေရရှိသွားပြီးဖြစ်သလို လျှပ်စစ်မီးသွယ်တန်းရေးအတွက် ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှုး၊ ဦးလင်းထွဋ်က “သူတို့ သဘောတူညီချက်နဲ့ ရွှေ့ပေးနေတာ။ အခုက လမ်းကောင်းသွားပြီ၊ ရေက ရသွားပြီ။ ဓာတ်တိုင်က အခု ဓာတ်အားကခွင့်ပြုလိုက်ပြီ။ ဒါကို မြော်မြင်လို့ အကြီးအကဲများက စီမံပေးတာ” လို့ ပြောပါတယ်။

တိုးချဲ့မြို့ကွက်သစ်ကို ပြောင်းရွှေ့ရင် ကားကူညီပေးမယ့်အပြင် ပြောင်းရွှေ့စရိတ်ပေးမယ်လို့ ပြောဆိုထားပေမယ့် ကိုယ့်စရိတ်နဲ့ကိုယ် ပြောင်းလာရတဲ့အတွက် ပြောဆိုထားတဲ့ ကတိအတိုင်း တည်စေချင်တယ်လို့ ပြောင်ရွှေ့ခဲ့သူတွေက ပြောပါတယ်။

ဘီးလင်းမြို့၊ ဘုရင့်နောင်ကွက်သစ်၊ ဒေါ်သစ်သစ်က “ကားပြောင်းရွှေ့ဖို့ သူတို့ ကူညီပေးမယ်တဲ့။ အခု ပြောင်းလာတော့ ကိုယ်ထူကိုယ်ထနဲ့ ကိုယ်ပိုက်ဆံနဲ့ကိုယ်‌ ပြောင်းလာရတယ်။ သူတို့ပြောသွားတဲ့ ကတိတခုကတော့ တည်စေချင်တယ်။ အခက်အခဲတွေ အကုန်လုံးပဲ ဖြစ်နေကြတယ်” လို့ ဆိုပါတယ်။

တိုးချဲ့မြေကွက်ပေါ် ပေ ၄၀ ပေ ၆၀ မြေကွက်ပေါင်း ၂၂၈ ကွက်အတွင်း ၁၁၂ ကွက် နေရာချထားပေးပြီး ဖြစ်ပေမယ့် ဧပြီလကစတင်ပြီး ပြောင်းရွှေ့နေထိုင်သူ ၄၈ ဦးသာရှိပြီး ပြောင်းရွှေ့ပြီး အိမ်ထောင်စုတွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေ ကျပ် ၁ သိန်းနှုန်းနဲ့ အိမ်ထောင်စု ၂၂ စု ကို ပေးအပ်ထားပြီးဖြစ်သလို ကျန်အိမ်ထောင်စုအတွက် စာရင်းပြုစုတောင်းခံထားပါတယ်။

ပြောင်းရွှေ့နေရာချထားရေးနဲ့ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ လျှပ်စစ်မီးသွယ်တန်းရေးအတွက် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေကနေ ငွေကျပ် ၅၇၈ သိန်း ခွင့်ပြုရရှိထားပြီး ဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။



ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013