DVB Logo
Home
မြန်မာသတင်း
COVID-19 ကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပိုနှောင့်နှေးဖွယ်ရှိဟု ဦးဇော်ဌေးပြော
DVB
·
May 17, 2020
COVID-19 ကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပိုနှောင့်နှေးဖွယ်ရှိဟု ဦးဇော်ဌေးပြော
Donate to DVB

ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ COVID-19 ရောဂါပိုးကြောင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆောင်ရွက်ဖို့ရှိနေတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ ပိုမိုနှောင့်နှေးသွားဖို့ ရှိနေတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ COVID-19 လူနာတွေ့ရှိပြီးနောက်မှာတော့ အစောပိုင်းထဲက ကြန့်ကြာနေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ထွက်ပြေးတိမ်းရှောင်သူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပိုမိုနှောင့်နှေးသွားဖို့ရှိနေတာပါ။ 

COVID-19 နဲ့ပတ်သက်ပြီး ဒုက္ခသည်စခန်းတွေက အခြေအနေတွေကို ဘင်္ဂလား ဒေ့ရှ်အစိုးရအနေနဲ့ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ဖို့ မျှော်လင့်ပြီး လတ်တလောမှာတော့ ပြန်လည်လက်ခံရေး စတင်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဦးဇော်ဌေးက မေလ ၁၆ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"အဲ့ဒီမှာနေတဲ့ထိုင်တဲ့ အနေအထားတွေက ဘယ်လို distance လုပ်လဲ၊ သူတို့ရဲ့ contact tracing တွေပေါ့နော်၊ စစ်ဆေးမှုတွေ၊ ဒါတွေကိုလည်း သူတို့အမြန်ဆုံးထိန်းချုပ်နိုင်အောင် လုပ်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့် ထားတယ်ပေါ့နော်။ လုပ်လည်းလုပ်နေပြီလို့ သတင်းတွေလည်းတွေ့ရပါတယ်။ ဒါပေမယ့် ဒါကတော့ repatriation မှာ အများကြီးနှောင့်နှေးသွားမယ့် သဘောရှိတယ်။ အဲ့ဒီကူးစက်မှုမှာလည်း ထိန်းချုပ်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အမြန်ဆုံးလုပ်ဖို့ လိုတယ်။အဲ့ဒီကာလမှာ ဒီဘက်ကို ပြန်လာဖို့ ဆိုတာ မလွယ်တော့ဘူး။" 

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံဖို့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ၂၀၁၉ နိုဝင်ဘာကတည်းက နှစ်နိုင်ငံ သဘောတူထားခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ တရားဝင်လမ်းကြောင်းနဲ့ ပြန်လည်ဝင်ရောက်လာသူမရှိသေးပါဘူး။ 

လက်ရှိအချိန်မှာတော့ COVID-19 ရောဂါပိုးနဲ့ လူပေါင်းသိန်းချီပြီး စုပြုံနေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကြောင့် ပြန်လည်လက်ခံရေးဟာ ပိုမိုကြန့်ကြာဖို့ ရှိနေတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေလ ၁၇ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၂၀၉၉၅ ဦးနဲ့ သေဆုံးသူ ၃၁၄ ဦးအထိ ရှိနေပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013