DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ညမထွက်ရအမိန့် ကျူးလွန်သူအယောက် ၁၀၀ ကို‌ ထောင်ဒဏ် ၃ လစီ ချမှတ်
DVB
·
May 17, 2020
ရှမ်းပြည်နယ်တွင် ညမထွက်ရအမိန့် ကျူးလွန်သူအယောက် ၁၀၀ ကို‌ ထောင်ဒဏ် ၃ လစီ ချမှတ်
1 / 9
Donate to DVB

ရှမ်းပြည်နယ်အတွင်း COVID-19 ကာလ ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမဲ့ မလိုက်နာလို့ ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်ပေးခံရတဲ့သူဟာ မေလ ၁၆ ရက်ထိ အယောက် ၁၀၀ လောက်ရှိတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဝင်းသိန်းက ပြောပါတယ်။

ညမထွက်ရ အမိန့်မလိုက်နာသူတွေကတော့ တောင်ကြီးမြို့နယ်မှာ ကျား ၄၄၊ မ ၁၀ ဦး၊ လင်းခေးမြို့နယ်မှာ ကျား ၁ ဦး၊ လားရှိုးမှာ ကျား ၅ ဦး၊ ကျောက်မဲမှာ ကျား ၁ ဦး၊ ကျိုင်းတုံမှာ ကျား ၂၃ ဦး၊ တာချီလိတ်မှာ ကျား ၁၆ ဦးတို့ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၂၀ ရက် က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီနောက် မေလ ၁၅ ရက်ကစတင်ပြီး ညမထွက်ရ အမိန့်အား ည ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

COVID-19 ကာလမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် မှုခင်းသိသိသာသာ လျော့ကျလာတယ်လို့လည်း ဒုရဲမှူးက ဆိုပါတယ်။



ဒါ့အပြင် COVID-19 ကာလမှာ ရဲတပ်ဖွဲ့ဝင်တွေ အဆင်ပြေစေဖို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ပြည်နယ်ရဲမှူးချုပ်တင်ကိုကိုက တပ်ဖွဲ့ဝင်တွေကို မေလ ၁၆ ရက် ပြည်နယ်ရဲတပ်ဖွဲ့ရုံး သိန္တိသုခဓမ္မာရုံမှာ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

အဓိက COVID-19 ကာလ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ အိမ်ပြင်ထွက် စျေးဝယ်ထွက်ရတာ သက်သာစေဖို့ စီမံဆောင်ရွက်တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်အားလုံး၊ အရာရှိ၊ တပ်သား ခွဲခြားမှုမရှိဘဲ တန်းတူထောက်ပံ့ပေးအပ်တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ဆန် ၈ ပြည်၊ ကြက်သွန်နီ ၁ ပိဿာ၊ ဆီ ၁ ပိဿာ၊ ဘဲဥ ၁၀ လုံးနဲ့ဆပ်ပြာ စုစုပေါင်း ၁၇၀၀၀ ကျော်ဖိုးစီ စုစုပေါင်း ၅၁ သိန်းဖိုး ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။



ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013