DVB Logo
Home
မြန်မာသတင်း
COVID-19 အတည်ပြုလူနာသစ် မတွေ့၊ ရောဂါပိုးကင်းစင်သူ ၉၅ ဦးရှိပြီ
DVB
·
May 17, 2020
COVID-19 အတည်ပြုလူနာသစ် မတွေ့၊ ရောဂါပိုးကင်းစင်သူ ၉၅ ဦးရှိပြီ
Donate to DVB

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မနေ့က ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ဒီကနေ့ မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ 

မေလ ၁၆ ရက်နေ့က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ၂၈၀ နဲ့ ဆေးသုတေသနဦးစီးဌာနက စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ၁၃၇ ခု စုစုပေါင်း ၄၁၇ ခုမှာ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိတာပါ။ 

အတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ လူနာအမှတ် ၄၀၊ ၄၉၊ ၅၆၊ ၅၇၊ ၇၇၊ ၁၂၁ နဲ့ ၁၅၁ တို့ ၇ ဦးမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါးပိုး ကင်းစင်သူ စုစုပေါင်း ၉၅ ယောက်အထိ ရှိလာပါတယ်။ 

သူတို့အထဲကနေ ၈၃ ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည်နေပါတယ်။

မေ ၁၇ ရက်နေ့  မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ  ၁၈၂ ဦးနဲ့  သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013