DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တဝန်းလုံး မဖြစ်မနေ  Mask တပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်တော့မည် 
DVB
·
May 16, 2020
မွန်ပြည်နယ်တဝန်းလုံး မဖြစ်မနေ  Mask တပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်တော့မည် 
Donate to DVB

မွန်ပြည်နယ်မှာ COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ Mask မဖြစ်မနေ တပ်ဖို့ ဒေသန္တရအမိန့်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်တော့မှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ 

မွန်ပြည်နယ်မှာ COVID-19 ရောဂါ မကူးစက်ရအောင် Mask မတပ်တဲ့သူတွေကို အရေးယူသွားဖို့ စတင် ပြင်ဆင်နေပြီး လက်ရှိမှာတော့ စည်ပင်သာယာစျေးတွေမှာ Mask မတပ်ရင် ပေးမဝင်တဲ့ စနစ်ကို စတင်ကျင့်သုံးနေပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးနဲ့ မိသားစုဝင်တွေ Mask တပ်ဖို့ ညွှန်ကြားထားတာပါ။

အခုလို Mask တပ်ဖို့ အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်မယ့်အပေါ် ကြိုဆိုပေမယ့် အရေးယူမှုအပိုင်းကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်စေချင်တယ်လို့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

လက်ရှိမှာတော့ Mask တပ်ပြီး သုံးတဲ့ အလေ့အကျင့် မရှိတဲ့အတွက်ကြောင့် မကြာခဏ ချွတ်ပစ်တာတွေ ရှိနေတဲ့အပြင်  စနစ်တကျ သုံးစွဲရမယ့်အပေါ်  သိရှိအားနည်းနေသေးတယ်လို့  မေတ္တာဆုံဆည်းအရပ်ဘက်အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သီသီနွယ်က ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်တချို့မှာတော့ COVID-19 ရောဂါကြောင့် Mask မတပ်တဲ့သူတွေကို ဒဏ်ငွေရိုက် အရေးယူတာတွေ စတင်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013