DVB Logo
Home
မြန်မာသတင်း
ဖာပွန် ကူးဆိပ်တံတားတွင် တပ်မတော်နှင့် ကေအန်ယူတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား
DVB
·
May 16, 2020
ဖာပွန် ကူးဆိပ်တံတားတွင် တပ်မတော်နှင့် ကေအန်ယူတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးပေါ်က ကူးဆိပ်တံတားမှာ တံတားလုံခြုံ​ရေး တာဝန်ယူထားတဲ့ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ မိနစ် ၂၀ လောက် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူးဆိပ် တံတားလုံခြုံရေး တာဝန်ယူထားတဲ့ ခမရ ၄၁၀ နဲ့ ကေအန်ယူတို့ တံတားအနီးမှာ မေ ၁၆ ရက် မနက် ၇ နာရီခန့်က မိနစ် ၂၀ ကြာ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာ၊ ဦးသန်းဝင်းက “နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်တယ်။ အပေါ်မှာ အန်စီအေအရတော့ ပစ်ခတ်ရပ်စဲထားပေမယ့် အောက်ခြေမှာ ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေက အထိတ်တလန့်ဖြစ်နေရတယ်” လို့ ပြောပါတယ်။

တပ်မတော် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်က “ပစ်တယ်လို့တော့ သိရတယ်။ ဘာမှတော့ ထိခိုက်မှုတော့မရှိဘူး။ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အန်စီအေအရ ဆွေးနွေးရမှာပေါ့။ ဆွေးနွေးမှုတွေပေါ်မှာပဲ မူတည်မယ်” လို့ ပြောပါတယ်။

မေ ၆ ရက်နေ့ကလည်း တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID-19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတာပါ။

မေ ၁၄ ရက် မနက် ၈ နာရီလောက်ကလည်း ကမမောင်း-ဖာပွန် ကားလမ်းမကြီးဘေး ရေပူအေးစခန်းအနီးမှာ မိနစ်အနည်းငယ်ခန့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို့ မေ ၁၅ ရက် ညနေပိုင်းကလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအန်ယူနဲ့ တပ်မတော်တို့ကြား ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေ ​​ဖြစ်ရတယ်လို့ ဆိုပါတယ်။

မေ ၈ ရက် ညနေ့ပိုင်းကစပြီး တပ်မတော်ဘက်က ဖာပွန်မြို့အဝင် ဖြတ်သန်းသွားလာမှုတွေကို အချိန်ကန့်သတ်လိုက်သလို ကေအန်ယူဘက်ကလည်း တနင်္လာနေ့နဲ့ သောကြာနေ့တွေကို ခရီးသွားလာတာ မလုပ်ဖို့ ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူတွေကို အသိပေးအကြောင်းကြားစာ ပို့ထားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ခရီးသွားပိတ်ပင်သွားမယ့်ရက်တွေနဲ့ ပတ်သက်ပြီး တပ်မဟာ-၅ KNU ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။



ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013