DVB Logo
Home
မြန်မာသတင်း
အိမ်မဲရှိ Quarantine စင်တာ ၆ ခုအတွက် လွှတ်တော်ကိုယ်စားလှယ် အလှူခံထွက်နေ
DVB
·
May 16, 2020
အိမ်မဲရှိ Quarantine စင်တာ ၆ ခုအတွက် လွှတ်တော်ကိုယ်စားလှယ် အလှူခံထွက်နေ
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က Quarantine စင်တာတွေမှာ နေထိုင်သူတွေအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် မြို့ထဲက လုပ်ငန်းရှင်တွေထံမှာ အလှူခံတာတွေ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ထဲက လူတွေ Mask တပ်၊ မတပ် လိုက်ပြီး မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးကော်မတီက အဖွဲ့နဲ့ ထွက်စစ်ရင်း အဖွဲ့အစည်းစုံနဲ့ Quatantine မှာ နေထိုင်သူတွေအတွက် စားစရိတ်မလောက်တော့လို့ မြို့ခံစေတနာရှင်တွေကို အလှူခံလိုက်တာ သိန်း ၃၀ လောက်ရတော့ ဒီအသုတ်အတွက် လုံလောက်သွားတယ်လို့ အိမ်မဲမြိုနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက DVB ကို ပြောပါတယ်။

“စပြီး Quarantine လုပ်ကတည်းက အားလုံးကို စားစရိတ်နဲ့ အခြားစရိတ်တွေကို တာဝန်ယူပေးထားတာပါ၊ ခုဝင်နေတဲ့ အသုတ်က နောက်လ ၃ ရက်နေ့မှာ ပြည့်မှာ။ ပိုက်ဆံက သိန်းမကျန်တော့လို့ အလှူခံထွက်တာပါ၊ ငွေ ၂၉ သိန်းကျော်နဲ့ ဆန် ၃ အိတ်လောက် မြို့ခံအလှူရှင် တွေကလည်း ပေါင်းလှူပေးပါတယ်၊ အလှူခံပေးရတာတော့ သိပ်အထူးဆန်းကြီး မဟုတ်တော့ပါဘူး။” 

အိမ်မဲမြို့နယ်မှာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သိန်း ၁၂၀ အသုံးစရိတ်ချပေးထားပေမယ့် ရပ်မိရပ်ဖတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အလှူငွေကောက်ခံခဲ့ရာ သိန်း ၃၀၀ နီးပါးရရှိခဲ့ပြီး လူဦးရေ ၁၂၀ နီးပါးအတွက် အသုံးစရိတ် သိန်း ၃၀ လောက်သာ ရှိတော့တာကြောင့် အလှူခံထွက်ချိန်မှာ တချို့စေတနာရှင်တွေက ၂ ခါပြန်၊ ၃ ခါပြန်တောင် လှူပေးတာရှိတယ်လို့ ဆိုပါတယ်။

အိမ်မဲမြို့နယ်မှာ ပြည်ပက ပြန်လာသူတွေနဲ့ ရန်ကုန်တိုင်းအတွင်းက Lock Dwon ချခံထားရတဲ့ မြို့နယ်တွေက ပြန်လာသူတွေကို စောင့်ကြည့်ဖို့အတွက် Quarantine စင်တာ ၆ ခုထားရှိပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ခံခဲ့သူ ၂၄၀ ဦးအထိ ရှိခဲ့ပါတယ်။

၁၁၂ ယောက်ကတော့ ရက်ပြည့်ခဲ့ပြီဖြစ်လို့ လက်ရှိမှာတော့ ၁၂၈ ယောက်ကို အသွားအလာစောင့်ကြည့်နေတယ်လို့ မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူက ပြောပါတယ်။



မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013