DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၁၈၂ နှင့် မလေးရှားမှ လေယာဉ်အတူစီးပြန်လာခဲ့သူ ၁၂၀ ခန့်ရှိ
DVB
·
May 16, 2020
လူနာအမှတ် ၁၈၂ နှင့် မလေးရှားမှ လေယာဉ်အတူစီးပြန်လာခဲ့သူ ၁၂၀ ခန့်ရှိ
Donate to DVB

ဒီမနက်က ကျန်းမာရေးဌာနက ကြေညာတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၁၈၂ ဟာ မလေးရှားနိုင်ငံကနေ လူပေါင်း ၁၂၀ လောက်နဲ့အတူ လေယာဉ်တစင်းတည်းစီးပြီး ပြန်လာခဲ့သူ ဖြစ်ပါတယ်။

သူနဲ့အတူ နောက်တယောက်ဟာ မေ ၁၁ ရက် ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာပြီး မေ ၁၃ ရက် မနက်အစောပိုင်းမှာ ထန်တလန်ကို ရောက်လာခဲ့တာပါ။

“မေ ၁၃ ရက်မနက် ၂ နာရီခွဲမှာ ရောက်လာတာ။ နိုင်ငံခြားက ပြန်လာတာဆိုတော့ ကျနော်တို့က ဆေးရုံမှာပဲ Facility Quarantine ထားတယ်။ သူတို့ဆီက (နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ) ကို ၁၃ ရက်နေ့မှာပဲယူပြီး ပို့ပါတယ်။ ဒီနေ့မနက်မှာတော့ အဖြေသိရလို့ အခု ၁၁ နာရီ မိနစ် ၂၀ ကပဲ ဟားခါးဆေးရုံကို ပို့လိုက်ပါပြီ။ သူနဲ့အတူပါတဲ့ နောက်တယောက်ကိုတော့ ဆေးရုံမှာပဲ ကြည့်ရှုထားပါတယ်” လို့ ထန်တလန်မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ထန်တလန်မှာတော့ သူနဲ့ ထိတွေ့သူမရှိသလောက်ပဲလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ လူနာဟာလည်း ချင်းပြည်နယ်ကဖြစ်ပြီး တီးတိန်က ၅ ယောက်၊ ဟားခါးက ၁ ယောက် ရှိခဲ့ပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့မနက်ပိုင်းအထိ ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကုသခံနေတဲ့ ကိုဗစ်-၁၉ လူနာ ၄ ယောက်ရှိပါတယ်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၉၁ ယောက်ကို မလေးရှားအစိုးရက မေ ၁၁ ရက်က သူတို့စီစဉ်တဲ့ Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ၂ စီးနဲ့ ပြန်ပို့ခဲ့တာပါ။

သူတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ချိန်မှာ လူဝင်မှုကြီးကြပ်ရေးက ကျန်းမာရေးစိစစ်ရေးတို့ကို လုပ်ခဲ့ပြီး ရန်ကုန်မှာ စောင့်ကြည့်တာမဟုတ်ဘဲ သူတို့ပြန်ကြမယ့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးက သတ်မှတ်မော်တော်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားကြတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013