ချောက်မြို့နယ်တွင် Quarantine ဝင်နေသူ ၁ ဦး ပိုးထိသေဆုံး
DVB
·
May 16, 2020

ချောက်မြို့နယ် အုံမြားကြီးကျေးရွာအုပ်စု၊ အုံမြားရွာသစ်ကျေးရွာ ရွာဦးဘုန်တော်ကြီးကျောင်းမှာ Facility Quarantine ဝင်နေသူ အမျိုးသား ၁ ဦး ပိုးထိပြီး မေ ၁၅ ရက် နေခင်းပိုင်းက ဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူ နေမျိုးအောင် အသက် (၁၉) နှစ်မှာ မေလ ၁ ရက်နေ့က ညောင်ဦးမြို့နယ်ဘက်က ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး အစိုးရအဖွဲ့ညွှန်ကြားချက်အရ တိုင်းကျော်ပြည်ကျော်အဖြစ် ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ Facility Quarantine ဝင်နေသူဖြစ်ပါတယ်။
မေ ၁၄ ရက် ည ၁၁ နာရီအချိန်လောက် ရွာဦးကျောင်းဆောင် တောင်ဘက် ပေ ၃၀ လောက်အကွာမှာ အပေါ့သွားရာက ဘယ်ဘက်ခြေသလုံးကို ပိုးထိဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ကျေးရွာတာဝန်ရှိသူတွေက ချောက်မြို့ ပြည်သူဆေးရုံကို တင်ပို့ခဲ့ပြီးနောက် မေလ ၁၅ ရက် နေခင်ပိုင်းမှာ သေဆုံးသွားတာပါ။
ကိုလင်း(ချောက်)