DVB Logo
Home
မြန်မာသတင်း
တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်အချို့ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါဖြစ်ပွား
DVB
·
May 15, 2020
တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်အချို့ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါဖြစ်ပွား
Donate to DVB

စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ကျော်နေထိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေတွေ မသန့်ရှင်းမှုတွေကြောင့် လူကြီးတချို့နဲ့ ကလေးငယ်တချို့မှာ အသားဝါတာတွေ၊ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါတွေဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

တိမ်ညိုစစ်ဘေးရှောင်စခန်းက စခန်းတာဝန်ခံ ကိုဝေလှအောင်က “လက်ရှိအနေထားမှာ ရေရှားပါးမှု၊ သောက်သုံးရေ ရှားမှုတွေနဲ့ ကြုံနေရတယ်။ အဲ့ဒီသောက်သုံးရေရှားပါးမှု ပြဿနာ ကြောင့်ပဲ မသန့်ရှင်းတဲ့ ရေတွေကိုအသုံးပြုနေရတာတွေရှိတယ်။ စခန်းထဲမှာ နေထိုင်တဲ့ ကလေးတွေ၊ ပြီးတော့ သက်ကြီးပိုင်းတွေမှာ အသားဝါတာတွေ၊ ဝမ်းလျှောဝမ်းပျက်ဖြစ်နေတာ တွေရှိတယ်”လို့ပြောပါတယ်။

ဝေဒနာခံစားနေရသူတွေကို တိမ်ညိုစစ်ဘေးရှောင်းစခန်းနဲ့ အနီးကပ်ဆုံးမှာရှိတဲ့ တိမ်ညိုဆေးရုံမှာ ပြသထားတယ်လို့ ဦးဝေလှအောင်ပြောပါတယ်။ 

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေကန်တစ်ကန်သာရှိပြီး အဲဒီရေကန်မှာ ရေလုံးဝခန့်ခြောက်သွားလို့ စစ်ပြေးဒုက္ခသည်တွေဟာ  စစ်ဘေးရှောင်စခန်းနဲ့ အနည်းငယ်အလှမ်းဝေးတဲ့ တိမ်ညိုကျေးရွာမှာ သောက်သုံးရေ သွားခပ်နေကြရပါတယ်။

တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် မြန်မာနိုင်ငံဆရာဝန်များအသင်းက သောက်သုံးရေတချို့ လှူဒါန်းထားပေမယ့် နောက် ၁၀ ရက်လောက် မိုးမရွာဘူးဆိုရင် စစ်ဘေးရှောင်စခန်းနဲ့ တိမ်ညိုကျေးရွာတွေမှာ ရေးရှားပါးမှုတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။

တိမ်ညို စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၈၄၅ စုနဲ့ လူဦးရေ ၃၂၅၀ ရှိပြီး စစ်ရှောင်တွေကတော့ ဟင်းသီး၊ ဟင်းရွက်တွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိစတာတွေကို ကိုယ့်အစီစဉ်နဲ့ ကိုယ်ရှာကြံစားသောက်နေရကာ အစိုးရအဖွဲ့က ဆန်တချို့နဲ့ နိုင်ငံတကာ ကြက်ခြေနီ (ICRC)က စားနပ်ရိက္ခာနဲ့ ပစ္စည်း(၆) မျိုးတို့ကို ကူညီထောက်ပံ့ပေးထားပါတယ်။

မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “မြောက်ဦးစစ်ဘေးရှောင် စခန်းတွေမှာတော့ လိုအပ်ချက်တွေ များပါတယ်။ ဒုက္ခသည်တွေကလည်းများတာကို၊ COVID- 19 ကာကွယ်ရေးအပိုင်းမှာဆိုရင်လည်း လက်သန့်ဆေးရည်တွေ၊ ဆပ်ပြာတွေ၊ ပြီးတော့ Mask တွေလုံလုံလောက်လောက်ထုတ်ပေးဖို့ အသင်းအဖွဲ့တွေ အစိုးရအဖွဲ့တွေက လုပ်ပေးသင့်တယ်။ အခုကဘာမှ စစ်ဘေးရှောင် စခန်းတွေမှာလုံလုံ လောက်လောက်ရှိမနေဘူး။

မြောက်ဦးမြို့အထက်မှာ စစ်ဘေးရှောင်စခန်း ၈ ခုနဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀၀ ဝန်းကျင်ရှိပြီး မြောက်ဦးမြို့နယ် တခုလုံးမှာ စစ်ဘေးရှောင်စခန်းပေါင်း ၂၆ ခုရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013