Home
မြန်မာသတင်း
ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲမှု ဗဟိုဘဏ် သတိပေး
DVB
·
May 15, 2020
16859c712258acd4f48115f1fd7e0a10_L
မြန်မာနိုင်ငံမှာ တရားဝင် ငွေကြေးအဖြစ် သတ်မှတ်မထားတဲ့ (Digital Currency) ဒစ်ဂျစ်တယ်ငွေကြေးတွေကို ရောင်းဝယ် လဲလှယ်တာ တွေပြုလုပ်ရင် အရေးယူမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၁၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ဗဟိုဘဏ် အနေနဲ့ Digital Currency ဒစ်ဂျစ်တယ်ငွေကြေးတွေကို တရားဝင် ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသလို ရောင်းဝယ်လဲလှယ်ခြင်းကိုလည်း ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ခွင့်ပြုထားတာမရှိဘူးလို့ သိရပါ တယ်။ ဖောက်ဖျက်ကျူးလွန်သူဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့  ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေတွေအရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကိုဖြစ်စေ ချမှတ်ခံရနိုင်မှာ ဖြစ်ပါတယ်။ လတ်တလောမှာ ဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Cryptocurrency: Bitcoin (BTC) ၊ Litecoin (LTC)၊  Ethereum (ETH)နဲ့  Perfect Money (PM) တို့ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေ၊ ဝက်ဘ်ဆိုက်တွေကနေ တဆင့် ရောင်းဝယ်လဲလှယ်တာတွေရှိနေတဲ့အတွက် ဒီလို သတိပေးချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် သုံးစွဲ၊ ရောင်းဝယ်၊ လဲလှယ်ရာကနေ ပေါ်ပေါက် လာမယ့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဗဟိုဘဏ်ကဆိုပါတယ်။ စိုးချစ်ပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024