DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပြည်သူများ Maskတပ်ရန် "ယခုဝယ်၊ ယခုတပ်"စနစ်ဖြင့် လုပ်ဆောင်မည်
DVB
·
May 15, 2020
ဧရာဝတီတိုင်းတွင် ပြည်သူများ Maskတပ်ရန် "ယခုဝယ်၊ ယခုတပ်"စနစ်ဖြင့် လုပ်ဆောင်မည်
Donate to DVB

ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးနဲ့ မဖြစ်မနေ အပြင်ထွက်မယ်ဆို Mask တပ်ပြီးထွက်ကြဖို့ တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ နေအိမ်ပြင်ပသွားလာရင် Mask တပ်ပြီးသွားလာဖို့အတွက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်ရဲ့ လက်မှတ်နဲ့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

Mask တပ်ဖို့ မေ ၁၄ ရက်က ထုတ်ပြန်လိုက်တဲ့ အမိန့်မှာတော့ ပြည်သူတွေ နေအိမ်ပြင်ပသွားလာရင် Mask တပ်ဖို့ကို မေလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ၅ ရက်ကို အသိပညာပေးကာလ အဖြစ်သတ်မှတ်ထားပြီး Mask တပ်ဖို့အသိပညာပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

မေ ၂၁ ရက်နေ့ကစတင်ကာ ပြည်သူတွေ နေအိမ်ပြင်ပထွက်ခွာလို့ Mask တပ်ဆင် အသုံးမပြုဘဲ သွားလာနေတာတွေ့ရင် စည်ကမ်းထိန်းသိမ်းရေးအဖွဲ့က Mask ၃ ခုကို ၃ ကျပ် ၃၀၀၀ နှုန်းနဲ့ "ယခုဝယ်၊ ယခုတပ်"စနစ်နဲ့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ယခုလက်ရှိအချိန်ထိ COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမယ့် ဧပြီမှ မေလ ၁၂ ရက်အထိ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံက အလုပ်လုပ်ပြီး ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၇၀၀ နီးပါးကို သက်ဆိုင်ရာ မြို့နယ်အလိုက် စောင့်ကြည့် စင်တာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013