DVB Logo
Home
မြန်မာသတင်း
ခီမောင်နှံပရဟိတအဖွဲ့သို့ သရုပ်ဆောင်နေတိုးက ငွေကျပ်သိန်း ၃၀ လှူဒါန်း
DVB
·
May 15, 2020
ခီမောင်နှံပရဟိတအဖွဲ့သို့ သရုပ်ဆောင်နေတိုးက ငွေကျပ်သိန်း ၃၀ လှူဒါန်း
1 / 7
Donate to DVB

       ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံ ဦးဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ဆီ နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးက ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

       Free Cash Program for the Needy(FCPN) အဖွဲ့ဟာ လတ်တလောအခြေအနေမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့နှုန်းတွေ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက် အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ် သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။

       ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားတာပါ။

ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားခဲ့ပြီး လှူဒါန်း နိုင်ကြောင်း ဖော်ပြထားပါတယ်။

       သရုပ်ဆောင်မင်းသားနေတိုးကတော့ သူ့ရဲ့ အလှူနဲ့ပတ်သက်ပြီး ဒီကနေ့မှာ ဖေ့စ်ဘွတ်ခ်ပေါ် မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“လွန်ခဲ့​သော မေလ ၅ ရက်နေ့က (FCPN) program မှာ အလှူ​ငွေသိန်း(၃၀) စာအိတ် (၃၀၀) စာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ဒီပုံ​လေး​တွေမြင်ရ​တော့ စိတ်ထဲမှာ ခံစားမှုများစွာနဲ့အတူ ပီတိလည်း ဖြစ်မိပါတယ်။ အခုလို တကယ်လိုအပ်​နေတဲ့သူ​တွေဆီကို​ မရောက်​ရောက်​အောင်ပို့ပေး​နေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ (FCPN) မှ တာဝန်ရှိသူများ အားလုံးကို​ ကျေးဇူးအထူးတင်ပါတယ်။ အလှူ​ငွေ​တွေလည်း အများကြီးရပြီး လူမှုအကျိုးများကို ဆထက်ထမ်းပိုး​ဆောင်ရွက်နိုင်ကြပါ​စေခင်ဗျာ။ ပရိသတ်များလည်း ကုသိုလ် အမျှရကြပါ​စေ။ အားလုံးလည်း ကပ်​ရောဂါဆိုးမှကင်း​ဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ​စေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013