DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာအပါအဝင် မြို့နယ် ၅ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်
DVB
·
May 14, 2020
လှိုင်သာယာအပါအဝင် မြို့နယ် ၅ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်
Donate to DVB

ရန်ကုန်တိုင်းက မြို့နယ် ၄ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁ မြို့နယ် စုစုပေါင်း ၅ မြို့နယ်ကို  Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မနက်ဖန် မေလ ၁၅ ရက် ၄ နာရီ အချိန်ကစပြီး ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေးအစီအစဉ်ကို ပယ်ဖျက်လိုက်တာလို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။

အဆိုပါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း COVID-19 လူနာသစ် ထပ်မတွေ့တော့တာ၊ အတည်ပြုလူနာတွေကလည်း အစုလိုက်ကူးစက်မှုမရှိတာ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေမှာလည်း ၂၁ ရက်အတွင်း ရောဂါ မတွေ့တော့တာ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေကအ လေးထားလုပ်ဆောင်တာနဲ့ ရောဂါ ကာကွယ်ထိမ်းချုပ်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြလို့ ခုလို ပယ်ဖျက်ပေးလိုက်တာလို့ ဆိုပါတယ်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်း ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ၁ မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်က ပြည်သူတွေ မိမိနေအိမ်မှာသာနေထိုင်ကြဖို့ Stay at Home အစီအစဉ်ကို ကျန်းမာရေးဌာနက ချမှတ်ပေးထားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတွေ့ရှိတဲ့  COVID-19 အတည်ပြုလူနာသစ်အများစုဟာ Stay at Home အစီအစဉ်ချမှတ်ထားတဲ့  ရန်ကုန်တိုင်း ၁၀ မြို့နယ်က ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013