DVB Logo
Home
နိုင်ငံရေး
နိုင်ငံတဝန်း ညမထွက်ရအချိန်လျှော့ချသတ်မှတ်၊ COVID-19 ဆိုင်ရာအမိန့်များ သက်တမ်းတိုး
DVB
·
May 14, 2020
နိုင်ငံတဝန်း ညမထွက်ရအချိန်လျှော့ချသတ်မှတ်၊ COVID-19 ဆိုင်ရာအမိန့်များ သက်တမ်းတိုး
Donate to DVB

နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာထုတ်ပြန်ထားတဲ့   ညမထွက်ရအမိန့်ကို မေ ၁၅ ရက်ကစတင်ပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိ  ပြောင်းလဲသတ်မှတ်ဖို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

COVID-19 ရောဂါကာကွယ်တားဆီးဖို့အတွက်  ပြည်နယ်နဲ့တိုင်းများရှိ မြို့နယ်အားလုံးမှာ   ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့  ညမထွက်ရအမိန့်ပါ နေ့စဉ် ည ၁၀ နာရီမှ နောက်တနေ့မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ဖို့ သတ်မှတ်ချက်ကို  ည ၁၂ နာရီမှ မနက် ၄ နာရီအထိဆိုပြီး ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ထားတဲ့  လူစုလူဝေးနဲ့ အခမ်းအနားတွေမကျင်းပဖို့၊ ရုပ်ရှင်ရုံတွေမဖွင့်ဖို့ စသဖြင့် တားမြစ်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကိုလည်း မေလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက  ဒီကနေ့ မေလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ်တွေ တဖြည်းဖြည်းဆက်လက်တွေ့ရှိနေဆဲဖြစ်ပြီး ဒီကနေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁၈၁ ဦး တွေ့ရှိထားပြီး  သေဆုံးသူက ၆ ဦးရှိနေပါတယ်။

Photo- နေပြည်တော်ကောင်စီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013