DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့ စားနပ်ရိက္ခာနှင့် သောက်သုံးရေ ပြတ်လပ်နေ
DVB
·
May 14, 2020
မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့ စားနပ်ရိက္ခာနှင့် သောက်သုံးရေ ပြတ်လပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက စစ်ဘေးရှောင်စစ်ခန်း ၉ ခု မှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ ပြတ်တောက်နေတာတာကြောင့် လူဦးရေ ၂၀၀၀ ကျော်အတွက် ရိက္ခာပြတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မင်းပြားမြို့နယ် လူမှုကယ်ကယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တချို့စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ရိက္ခာ တစ်ပတ်စာတောင် မရှိတော့တဲ့ အခြေအနေရှိနေတယ်လို့ သင်္ဂကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။

“ရွာမှာရှိတဲ့ သောက်ရေကန်တွေမှာ ရေတွေ လုံးဝကိုခန်းခြောက်သွားတယ်။ ပုံမှန်ဆိုရင် ကိုယ်ရွာအတိုင်းအတာနဲ့ဆိုရင် လုံလောက်ကြတယ်။ အခုကရွာတွေမှာ စစ်ဘေးရှောင်တွေ ပိုရောက်လာတော့ မြန်မြန်ခမ်းခြောက်သွားတယ်လို့ ပြောရမယ်။ တော်တော်လေးကို အခက်အခဲ ကြုံနေရတယ်။ စားနပ်ရိက္ခာပိုင်းဆိုရင်လည်း တချို့စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တော့တယ်။ တချို့စခန်းတွေမှာ ဆိုရင် ဆန်၊ ဆီ၊ ဆား စတဲ့ရိက္ခာတွေက ပြတ်နေပြီ၊ပြည်ပ ပြည်နယ်က အလှူရှင်တွေကတော့ လှူကြပါတယ်။”

မင်းပြားမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၉ ခုရှိပြီး အမ်းသားရွာကယ်ဆယ်ရေးစခန်း၊ သေကမ်းစခန်း၊ နရမ်းရွာချေ၊ နရမ်းရွာကြီး၊ ဝါးတောင်၊ စျီးပင်ကြီး၊ အဝရွာ၊ ပုညာရာမ ဘုန်းတော်ကြီးနဲ့ ဇေယျာသုခကျောင်းတိုက်တို့မှာစစ်ဘေးရှောင်ဦးရေ ၂၄၀၀ ကျော်လောက်ရှိ နေတာလည်းဖြစ်ပါတယ်။

အမ်းသားကျေးရွာကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တဦးက “ကျနော်တို့ အိမ်ကို ပြန်ချင်ပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲကလည်း ရွာနားမှာဖြစ်နေတယ်။ အပြင်ထွက်ပြီးတော့ လုပ်စားဖို့လည်း မဖြစ်နိုင်ဘူး။ ရွာနားတွေမှာလည်း လက်နက်ကြီးကျတာတွေရှိတယ်။ ကလေးတွေ ကလည်း ငယ်ငယ်တွေဆိုတော့သူတို့ အသက်အန္တရာယ်ကို စိုးရိမ်လို့ မပြန်ဖြစ်တာပါ”လို့ ပြောပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “COVID-19 ဖြစ်နေတဲ့ကာလမှာ အလှူရှင်တွေက လှူဒါန်းမှုက အရမ်းကိုနည်းပါးသွားပါတယ်။ တချို့ စစ်ဘေးရှောင် စခန်းတွေဆိုရင် ရိက္ခာကလုံးဝပြတ်လုနီးပါးဖြစ်နေတယ်။ တဘက်မှာတိုက်ပွဲဖြစ် နေတော့ လုပ်စားဖို့အခြေအနေက ရှိမနေတော့ဘူး။ အဲ့ဒါကြောင့်လည်း အကျပ်အတည်းက ပိုပြီးတော့ဖြစ်လာတယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတိုက်ပွဲကာလမှာ အရပ်သားတွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာတွေ များပြားလာနေသလို စစ်ဘေးရှောင် ၁သိန်းခွဲ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013