DVB Logo
Home
မြန်မာသတင်း
နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲဝင် ထူးခြားလက်ရာတချို့ (ဓာတ်ပုံ)
DVB
·
May 14, 2020
နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲဝင် ထူးခြားလက်ရာတချို့ (ဓာတ်ပုံ)
1 / 10
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှ ဖိတ်ခေါ်ထားတဲ့ ကိုယ်တိုင်ဖန်တီးတဲ့ Mask နှာခေါင်းစည်းချုပ်ပြိုင်ပွဲမှာ ကျော်ကြား ထင်ရှားသူတွေနဲ့  ပြည်သူတွေ ပါဝင်နေကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်း Mask ကို မေလ ၁၃ ရက်နေ့မှာ တင်ထားခဲ့ပြီးနောက် အဲဒီပို့စ်အောက်မှာ ထင်ရှားကျော်ကြားသူတွေနဲ့အတူ ပြည်သူတွေက အားကြိုးမာန်တက် ပါဝင်ဆင်နွှဲနေကြတာပါ။

ဒီပြိုင်ပွဲကို မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ  ပြုလုပ်သွားမှာ ဖြစ်ပြီး ပို့စ်အောက်မှာ တင်ထားခဲ့တဲ့ ပြိုင်ပွဲဝင်ပြည်သူတွေရဲ့ နှာခေါင်းစည်း ချုပ်လုပ်မှုဓာတ်ပုံတွေထဲကမှ ပြည်သူတွေ အနှစ်သက်ဆုံးဖြစ်တဲ့ Like အများဆုံး ရရှိသူ ၃ ဦးကို ရွေးချယ် ဖော်ပြပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆုရွေးချယ်တဲ့ နေရာမှာတော့ ကျန်းမာရေးနဲ့ ညီ၊ မညီ၊ ဘယ်လိုချုပ်ထားတယ် ဆိုတာကိုတွေကိုလည်း ထည့်စဉ်းစားသွားမယ်လို့ ဆိုပါတယ်။

စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်းနှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခု ထက်များလည်းရပါတယ်) ကိုယ်တိုင် ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့ အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ “အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများ”ကို ကိုးကားပြီး ချုပ်လုပ်ရမှာဖြစ်ကြောင်း ဖော်ပြထားခဲ့ပြီး  ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ကပ်ဘေးကာလ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက် သွယ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဖေ့စ်ဘွတ်ခ်အင်တာနက်လ လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ အကောင့်မှာ ပရိသတ်(Followers) ၂ သန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

လတ်တလော COVID-19 ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့က အရေးပါသလို မတတ်သာလို့ အပြင်ကို ထွက်ရချိန်မှာ လည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအသိရှိဖို့ကလည်း အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်သူတွေ အပြင်ထွက်ရင် Mask တပ်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်း ပြောကြားနေတာဖြစ်ပါတယ်။

အဝတ် Mask တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိကြောင်းနဲ့ ခုလို ကပ်ဘေးကာလမှာ Mask ပြိုင်ပွဲလုပ်နေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

“Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

အောက်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ထူးခြားတဲ့ လက်ရာပိုင်ရှင်တွေရဲ့ နှာခေါင်း စည်း Mask ချုပ်လုပ်မှုတွေ၊ ဘယ်လို ချုပ်လုပ်ထားကြောင်း ဖော်ပြထားချက်တွေနဲ့ ဓာတ်ပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျိုးကြီး(ခေတ္တ တိုကျို) ရဲ့ Mask သံမဏိလိပ်ပြာ ဖန်တီးလက်ရာ

https://www.facebook.com/photo.php?fbid=2627362724042525&set=p.2627362724042525&type=3&theater

(၂) ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ကြာချည်မျှင်နဲ့ ဖန်တီးထားတဲ့ Mask ဖန်တီးမှု

https://www.facebook.com/photo.php?fbid=2998794476832953&set=p.2998794476832953&type=3&theater

https://www.facebook.com/photo.php?fbid=1458102021030542&set=p.1458102021030542&type=3&theater

(၄) မြင်းခြံက ၅ တန်းကျောင်းသားလေး ညီမင်းလွင်ရဲ့ ဓမ္မစကူး Mask

https://www.facebook.com/photo.php?fbid=1359582730914553&set=p.1359582730914553&type=3&theater

(၅) အဆိုတော် ချောစုခင်ရဲ့ ရိုးရှင်းတဲ့ အဖြူရောင် Mask လက်ရာ

https://www.facebook.com/photo.php?fbid=1373422749712045&set=p.1373422749712045&type=3&theater

(၆) ဆုပြည့်ရဲ့ ကျောင်းဖွင့်ချိန်အမီ အဖြူအစိမ်း Mask ဖန်တီးမှု

https://www.facebook.com/photo.php?fbid=968307646959736&set=p.968307646959736&type=3&theater

(၇)အဲန်အယ်လ်ဒီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်းရင်းသားသရုပ်ဖော် Mask လက်ရာ

https://www.facebook.com/photo.php?fbid=865036360677641&set=p.865036360677641&type=3&theater

(၈) ရန်ကင်းသူရဲ့ Mask အပါအဝင် ဝန်စုံပြည့် ဖက်ရှင်ကျကျ ဖန်တီးချုပ်လုပ်မှုလက်ရာ

https://www.facebook.com/photo.php?fbid=10216768255103727&set=p.10216768255103727&type=3&theater

(၉) နန်းမြတ်သန္တာကိုရဲ့ ထူးခြားပလစ်စတစ်ကာဗာပါးပါးပါ ဖန်တီးလက်ရာ

https://www.facebook.com/photo.php?fbid=932691257179886&set=p.932691257179886&type=3&theater

(၁၀) တချောင်းထိုး သိုးမွေးဒီဇိုင်း တစ်ရှူး Filter နှင့် ဖန်တီးချုပ်လုပ်မှုလက်ရာ

https://www.facebook.com/photo.php?fbid=10157567598192933&set=p.10157567598192933&type=3&theater

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013