DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် အသတ်ခံရ
DVB
·
May 14, 2020
ကနီမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် အသတ်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ၅၁ မိုင် လမ်းဘက်မှာ မေလ ၁၃ ရက်နေ့က တောဆင်ရိုင်းတစ်ကောင် အသတ်ခံခဲ့ရပါတယ်။

အသတ်ခံလိုက်ရတဲ့ ဆင်သေတစ်ကောင်ကို ဒေသခံတွေက တွေ့ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"ကျနော့်ကို ဒေသခံတွေက ဖုန်းဆက်အကြောင်းကြားလာတယ်။ ဒါနဲ့ ကျနော်က သစ်တောကို အကြောင်းကြားလိုက်တာ။ ဓာတ်ပုံက ဒီမနက်ကမှရတာ။ ဆင်သေကို ကြည့်လိုက်တော့ အဆွယ်ချိုး ခံရတဲ့အနေထားရှိတယ်"

သေဆုံးသွားတဲ့ ဆင်ဟာ အထီးဖြစ်ပြီး အလျား ၁၁ ပေနဲ့ အမြင့် ၉ ပေရှိတယ်သိရပြီး အသက် ၁၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အခုလို ဆင်ရိုင်းအသတ်ခံရတာနဲ့ပတ်သတ်ပြီး သစ်တောဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က စုံစမ်းနေတယ် သိရပါတယ်။

တောဆင်ရိုင်းတွေက အများအားဖြင့် အုပ်စုလိုက်သွားလာလေ့ရှိကြပြီး ဆင်မုဆိုးတွေရဲ့ရန်ကို ရှောင်တိမ်းရင်း လူတွေနေတဲ့ ကျေးရွာတွေဘက် မျက်စိလည်ရောက်လာလေ့ ရှိပါတယ်။

ကနီမြို့နယ်မှာ အရင်ကလည်း တောဆင်ရိုင်းအုပ်တွေ တောင်သူတွေစိုက်ပျိုးထားတဲ့ လယ်ခင်းတွေထဲ မကြာခဏဝင်ရောက်ဖူးတာတွေရှိခဲ့ပါတယ်။

သတင်း- ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013