DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် Quarantine ဝင်နေသူများအတွက် မြို့ခံဂီတဝါသနာရှင်များက ဖျော်ဖြေ
DVB
·
May 14, 2020
လားရှိုးတွင် Quarantine ဝင်နေသူများအတွက် မြို့ခံဂီတဝါသနာရှင်များက ဖျော်ဖြေ
1 / 5
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ Facility Quarantine ဝင်နေကြတဲ့ နေရပ်ပြန်တွေကို စိတ်ဓာတ်ခွန်အားရစေဖို့အတွက် မြို့ခံဂီတဝါသနာရှင်တွေက တေးသီချင်းတွေနဲ့  ဖျော်ဖြေပေးခဲ့ပါတယ်။ 

COVID-19 ကြောင့် တရုတ်နိုင်ငံဘက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ပြန်လာကြပြီး Facility Quarantine ဝင်နေကြတဲ့သူတွေကို စိတ်ဓာတ်ခွန်အားရစေဖို့အတွက် မြို့ခံဂီတဝါသနာရှင်တွေက သီချင်းတွေ သီဆိုပြီး မေ ၁၂ ရက်နေ့ညက ဖျော်ဖြေပေးခဲ့တာပါ။

ဒါ့အပြင် လားရှိုးမြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်း ၄၀ လောက်ကလည်း ကျရာ အခန်းကဏ္ဍမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။ 

လားရှိုးမြို့ပေါ်မှာ Facility Quarantine  စင်တာ ၂ ခုရှိပြီး လူဦးရေ ၇၀ ကျော်ရှိပါတယ်။  သံသယလူနာနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အခုထိတော့ မတွေ့ရသေးပါဘူး။ 

လက်ရှိအချိန်ထိ တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့တွေကနေ မြန်မာလုပ်သားတွေ နေ့စဉ် ရာနဲ့ချီ ပြန်လာနေကြဆဲ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013