DVB Logo
Home
မြန်မာသတင်း
ရုရှားရောက် COVID-19 လူနာ မြန်မာတပ်မတော် သင်တန်းသား ၅ ဦးအနက် ၄ ဦး ရောဂါပျောက်ကင်း
DVB
·
May 13, 2020
ရုရှားရောက် COVID-19 လူနာ မြန်မာတပ်မတော် သင်တန်းသား ၅ ဦးအနက် ၄ ဦး ရောဂါပျောက်ကင်း
Donate to DVB

ရုရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံနေရတဲ့  မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ  ၅ ဦးအနက် ၄ ဦး ရောဂါပျောက်ကင်းသွားပြီလို့ ကာကွယ်ရေးဦးစီချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ  COVID-19 ကူးစက်ခံလူနာ မြန်မာသင်တန်းသားအရာရှိ ၅ ဦးကို မော်စကို မြို့အနီးရှိ လူနာတွေသီးသန့်ထားရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှာ ရုရှားကျန်းမာရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

သူတို့ ၅ ဦးကို ထပ်မံစစ်ဆေးခဲ့ရာမှာ သင်တန်းသား ၅ ဦးအနက်မှ ၄ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရတော့ဘဲ ရောဂါပိုး ပျောက်ကင်းခဲ့ကြောင်း သိရှိခဲ့ရတာလို့ ဆိုပါတယ်။

ကျန်တဲ့ရောဂါပိုးကူးစက်ခံထားရတဲ့ အရာရှိ ၁ ဦးကတော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူနေပြီး  ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့တပ်မတော်က ပညာတော်သင် သင်တန်းသား အရာရှိတွေအနက် မော်စကိုမြို့ရှိ Russian University of Transport  တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနဲ့ Moscow Power Engineering Institute တက္ကသိုလ်မှ သင်တန်းသား ၁ ဦးတို့မှာ ဧပြီ ၂၇ ရက်နေ့က COVID-19 ရောဂါပိုး စတင် စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013