DVB Logo
Home
မြန်မာသတင်း
မြောင်းမြခရိုင်ကို မေလအတွင်း ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် ပြန်လည်ရောက်ရှိလာ
DVB
·
May 13, 2020
မြောင်းမြခရိုင်ကို မေလအတွင်း ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် ပြန်လည်ရောက်ရှိလာ
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်ကို  တရုတ်နိုင်ငံနဲ့  နယ်စပ်မှာသွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက် အခုမေလအတွင်းမှာ ၁၀၀ ကျော်ရှိလာပြီလို့ ခရိုင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူကပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၀၇ ဦးအထိ ရှိလာပြီး မြောင်းမြခရိုင်အတွင်းက မြောင်းမြ၊ အိမ်မဲနဲ့ ဝါးခယ်မမြို့နယ်တွေက ကျေးရွာတွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးသောင်တင်ထွေးက ပြောပါတယ်။

"နယ်စပ် ကြယ်ခေါင်၊ ဝမ်တိန်၊ မူဆယ်နဲ့ မိုင်းလာက ပြန်လာသူတွေများတယ်၊ ပြန်လာသူ အကုန်လုံးကို Facility Quaratine မှာ ၂၁ ရက်ထားရှိပြီး စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်၊ မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်ကပြန်လာတဲ့သူတွေကိုတော့ စွမ်းအာတောရ ကျောင်းမှာ ထားပါတယ်" လို့ ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ ပြန်လာချိန်မှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေနဲ့ လိုအပ်တာတွေ ပံ့ပိုးကူညီပေးခဲ့တဲ့ အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ခရိုင်အတွင်းက မြို့နယ်တွေမှာ နေထိုင်သူများကို အပြင်သွားရင် Mask တပ်ပြီးသွားဖို့အတွက် လိုက်လံအသိပေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မြောင်းမြခရိုင်အတွင်း ပြည်ပနိုင်ငံတွေက ပြန်လာသူတွေနဲ့ ရန်ကုန်တိုင်းက Lockdown ချထားခံရတဲ့ မြို့နယ်တွေကလာတဲ့သူတွေကို ၂၁ ရက်စောင့်ကြည့်တဲ့ quarantine စင်တာပေါင်း  မြောင်းမြမြို့နယ်မှာ ၅၃ နေရာ၊ အိမ်မဲမြို့နယ်မှာ ၁၂ နေရာနဲ့ ဝါးခယ်မမြို့နယ်မှာ ၂၈ နေရာရှိပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013