DVB Logo
Home
မြန်မာသတင်း
PPE ဝတ်စုံ ၂၀၀၀ ကိုရီးယားက မြန်မာကို လှူဒါန်း
DVB
·
May 13, 2020
PPE ဝတ်စုံ ၂၀၀၀ ကိုရီးယားက မြန်မာကို လှူဒါန်း
Donate to DVB

ရန်ကုန်မှာ စက်ရုံထောင်ပြီး PPE ဝတ်စုံတွေချုပ်လုပ်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီက ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ တကိုယ်ရည်အကာအကွယ်ဝတ်စုံ PPE အစုံ ၂၀၀၀ ကို မြန်မာနိုင်ငံအတွက် လှူဒါန်းခဲ့တယ်လို့  မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် INNO Group ဥက္ကဋ္ဌ Mr. Seog-Chang Son ဟာ ဒီနေ့ မနက်ပိုင်းက ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ကို လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်မှာ သုံးနိုင်ဖို့အတွက် Du Pont ကုမ္ပဏီထုတ် PPE Level D Kit Full Set အစုံ ၂,၀၀၀ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဝတ်စုံအားလုံးဟာ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိပြီး အဲဒါတွေကို Myanmar Airways International (MAI) လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံဆီကို မြန်မြန် ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၈ ရက်ကလည်း မြန်မာနိုင်ငံကို လူနာတင်ယာဉ် ၅ စီး ပေးအပ် လှူဒါန်းခဲ့ပါတယ်။

INNO Group ဟာ ရန်ကုန်က သူတို့ကုမ္ပဏီပိုင်စက်ရုံမှာ တကိုယ်ရည်အကာအကွယ်ဝတ်စုံ PPE တွေချုပ်လုပ်ပြီး ကိုရီးယားကိုတင်သွင်းနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားနိုင်ငံကို တင်သွင်းနေသည့် PPE နဲ့ အရည်အသွေးထပ်တူညီတဲ့ ဝတ်စုံ အစုံ ၅၀၀၀ ကို ရန်ကုန်က စက်ရုံမှာ ချုပ်လုပ်ပြီး မြန်မာနိုင်ငံအစိုးရကို လှူဒါန်းဖို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေတ္တာရပ်ခံခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013